............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Tuesday 12 August 2008

နင်

ကောင်မလေးရေ......
နင်မသိ...နင်မရှိ....နင်မမြင်
တဲ့....
ငါ့စာမျက်နာ တစ်ချို့မှာ
နင်မထိတွေ့လိုက်ရတဲ့
ငါ့မျှော်လင့်ခြင်းတွေ
ရှိနေတယ်ဆိုရင်.......
နင့်ရဲ့
သတိရခြင်း......
လွမ်းဆွေးခြင်း.....
မမေ့နိုင်ခြင်း.....
တောင်းဆုတွေက
ပြေင်းလဲခြင်းတွေ
အောက်မှာပဲ
တည်ရှိနေဦးမှာလား.....
ငါ့ရင်မှာ
မျှော်လင့်ပြီးသား
အရာတစ်ခုကိုတော့
နင်ကိုယ်တိုင်ပဲ
သိနေမှာပါ.......
အရာတိုင်းကို
ငါမေ့တတ်ခဲ့ပါပြီ.....
ငါတမ်းတခဲ့တဲ့
ငါ့အနာဂတ်မှာတော့
နင်တစ်ယောက်
ပုံရိပ်တစ်ချို့...
တေးသံတစ်ချို့နဲ့
တောက်ပနေဦးမှာပါ.........

Friday 30 May 2008

အမုန်း......

ကြေကွဲခဲ့ပါတယ်....
သူ မသိအောင်......။
ငိုကြွေးခဲ့ပါတယ်.....
သူ မရှိတဲ့ အရပ်မှာ......။
ကြွေကျခဲ့ပါတယ်.....
သူခွင့်မပြုတဲ့ နေရာမှာ......။
မြေခခဲ့ပါတယ်......
သူ့ရဲ့ ပြောင်းလဲခြင်းတွေအောက်မှာ.....။
ဒူးထောက်ခဲ့ပါတယ်.....
သူကျေနပ်တဲ့ အတိုင်းအတာတစ်ခုအထိ......။

ဘယ်သူမသိ
ဘယ်သူမရှိ
ဘယ်သူမမြင်
ကယ်သူရင်ကိုလည်း
မမျှော်မှန်းတော့ပါ......။
ဆိုင်သူမရှိ
ပိုင်သူမသိ
မိုင်သူရင်ထိ
နိုင်လိုသူတို့ရဲ့
အမုန်းထက်က
ဓါးသွားတစ်ချောင်း........
ငါ့...သွေးကို
ဖောက်ထုတ်သွားခဲ့ပါပေါ့...........။
အဆုံးသတ်......
အဆုံးသတ်.....
အပြုံးတစ်ချက်မှ
မပေးခဲ့တဲ့
နင် က......
အမုန်းကိုတော့
ထာဝရ ပန်ဆင်ပေးခဲ့ပြန်ပြီလား......ချစ်သူ။

သိစေချင်သည်.......

သနပ်ခါးပါးကွက်
သူ့...... ပါးပြင်ကို
ကျွန်တော်မနမ်း
ဘယ်သူနမ်းအံ့.......။
ချိုသာစကား
နူတ်ဖျားထက်က
သူ့......အသံကို
ကျွန်တော်မလွမ်း
ဘယ်သူလွမ်းအံ့........။
အပြုံးတစ်ချက်
နှလုံးအက်အောင်
ပြုစားရက်တဲ့
သူ့......အလှမှာ
ကျွန်တော်မကြွေ
ဘယ်သူကြွေအံ့........။
အလွမ်း.......အဆွေး
အတွေးထဲမှာ
မဝေးအောင်လို့
ကျွန်တော့်အချစ်
သူ......ကြားသိဖို့
မိုးထက်ထိအောင်
ဟစ်ကြွေးဦးမည်........။
ချစ်တယ်.......ချစ်တယ်.......။

Friday 9 May 2008

ယောင်္ကျားများ၏ အချစ်ဇယား........

ဒီတစ်ယောက်က အချစ်ဦင်္းမို့
တစ်သက်မမေ့နိုင် ဖြစ်ရပါသည်......

ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်.........

ဟောဒီတစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်........

ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့
သူ့နူတ်ခမ်းလေးကို စွဲလမ်းသည်........

အဲ့ဒီတစ်ယောက်က တိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်.........

စေ့စပ်ထားတဲ့ ကောင်မလေးက
အိနြေ္ဒရှင်လေးမို့ လက်မလွှတ်နိုင်အောင် ဖြစ်ပါသည်.......

အထက်ပါ ခြောက်ယောက် ရက်တွေပြည့်လို့
တနင်္ဂနွေ ပိုသေးသည်.......

စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေအားသူဖြစ်ရပါမည်.................။



ဒီကဗျာလေးက ကျွန်တော်ဆီကို ရန်ကုန်က သူငယ်ချင်းတစ်ယောက်ပို့လိုက်တာဗျ.......ရယ်ရပါတယ်.....ကျွန်တော်မိတ်ဆွေတွေကိုလည်း ပြုံးစေချင်ပါတယ်.....အဲ့ဒါကြောင့် ဖော်ပြလိုက်ရပါတယ်......ဒါပေမယ့်.....ကျွန်တော်မပါဘူးနော်.....အဲ့ဒီထဲမှာ...
ဟဲ...ဟဲ.....ရာဟုတစ်ရက်ပါ လိုသေးတယ်.....ကျွန်တော်က...... :D :P :)

Sunday 4 May 2008

လေလွင့်ခြင်း

ဆုံးဖြတ်ရခက်တဲ့ လောကကြီးမှာ ဖြေရှင်းချက်တွေပျောက်ဆုံးပြီး ချစ်သူထားခဲ့တဲ့ အိပ်မက်ထဲက လမ်းဆုံးဆိုတာကိုလည်းမတွေးရဲလောက်အောင်ပါပဲ..........
မဖြစ်နိုင်တာဘာမှ မရှိဘူးလို့ ကြွေးကြော်ခဲ့ပေမယ့် ချစ်ခြင်းကို သက်သေမပြနိုင်ခဲ့တာ ဘာကြောင့်လဲ.......
စိတ်ကူးယဉ်ဇာတ်လမ်းရှည်ကြီးထဲမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ရမယ်လို့ ဘယ်တော့မှ မထင်ထားခဲ့မိဘူး.......
မျက်ရည်တွေကလည်း အထီးကျန်ညတွေကို အားပေးနေပြန်ပါပြီ........
ကိုယ်ပိုင်သံစဉ်မဟုတ်တဲ့ သီချင်းတစ်ပုဒ်ကို ချစ်သူရှေ့မှာ ဆိုပြရမှာလား......
ကျွန်တော်ပိုင်တဲ့ သီချင်းက လွမ်းချင်း.........နားထောင်မယ့်သူက ချစ်သူမဟုတ်.......
ကျူးပစ်ကရော ဘယ်ဆီမှာလဲ.....မြားနတ်မောင်ကရောဘယ်နားမှာလဲ......ကျွန်တော်ကတော့ ကမ္ဘာတစ်ဖက်မှာ......
လေလွင့်ငှက်တစ်ကောင်ရဲ့ ဂျစ်ပစီမိုးတိမ်ဆိုတဲ့ လမ်းမရှိတဲ့
ကောင်းကင်မှာသူမနဲ့ ကျွန်တော့်ကို စည်းတစ်ခုခြားပေးထားလေရဲ့........
ဘယ်ဆီကို ပျံသန်းရမှာလဲ.......မျက်ရည်....မျက်ရည်......ကြွေကျခွင့်မရှိတဲ့ အရပ်မှာ မြေခ ခဲ့ရတာက ကျွန်တော့်ရဲ့ နှလုံးသားတစ်စုံဖြစ်ခဲ့ရပါပြီ......
အမုန်းနွံ့ထဲကျနေတဲ့ လူသားတစ်ယောက်အတွက် မျှော်လင့်ခြင်း အလင်းရောင်က သံယောဇဉ်လက်တစ်ဖက်........
ကယ်တင်သူမရှိတဲ့ အရပ်မှာ ပျောက်ဆုံးသွားရတာက ကျွန်တော်......
သေဆုံးခြင်းကို မြေမြုပ်ရတယ်တဲ့.....ဘဝတစ်ခုလုံးသေဆုံးခြင်းက ဘယ်မှာမြုပ်နှံရမှာလဲ......
ဘာဆိုဘာမှ မရှိတဲ့လောကကြီးမှာ တောင်းဆုတစ်ခုက သူမ.....
လောကဓံတရားရုံးမှာ ချစ်ခြင်းအတွက် အသွေးအသားတို့ကို ဖောက်ထုတ်စီရင်ခံခဲ့ရတာက ကျွန်တော်.....
ကျရူံးသွားပါပြီ.....ကျွန်တော်ရဲ့ ဒူးထောက်မူက အညံ့ခံမူတစ်ခုပေါ့........
သူမကရော အနိုင်ရခဲ့တာလား....အနိုင်ယူခဲ့တာလား.......
ဘာမှမသိတဲ့ ကျွန်တော်......သြော်....သြော်.....သစ်ရွက်တစ်ရွက်လို လေလွင့်နေရပြန်ပါပြီလေ............

Wednesday 23 April 2008

သစ်ငုတ်တို...

သတိရတိုင်း.......
ဆေးလိပ်တစ်တိုနဲ့ နေညိုချိန်တွေကို
နူတ်ဆက်ခဲ့တာပါ..........။
သြော်......ဘဝ......ဘဝ
မိုးမှောင်ချိန်ရောက်တော့
သစ်ရွက်တောင် ခန္ဓာကိုယ်ပေါ်
မကြွေကျတော့ပါလား.........။
နတ္တိဘဝမှာ....
တစ်ဦးတစ်ယောက်ကိုလည်း
မမျှော်လင့်တော့ပါဘူးလေ.........။
လေယူရာ ယိမ်းနွဲ့လေတဲ့
အမိုက်တစ်စအတွက်
လေစုန်လေဆန်ကို ပြေးလွှားနိုင်တဲ့
စွမ်းအားမျိုး ရချင်မိတယ်.........။
အို......ငှက်ငယ်
အတောင်ပံတစ်စုံနဲ့ နင့်ကို
ဂုဏ်ပြုပါတယ်..........
လမ်းတွေ....လမ်းတွေ.....
ဘယ်လမ်းဆုံးမှာ ချောက်ကမ်းပါးရှိနိုင်ပါ့မလဲ......
မိုးရေစက်တွေ ဖြစ်လာဖို့
တိမ်တွေ ကူညီခဲ့တာဆို
ငါ့မျက်ရည်တစ်စက်အတွက်ကရော
ဘယ်သူကူညီခဲ့တာလဲ..........
ဟုတ်ပါတယ်.......
သူ..........
သူ..........
သူ..........
အခုတော့လည်း
ယူကယ်သူမရှိတဲ့အရပ်မှာ
သူ.......ပျော်နေလောက်ပါပြီလေ။

Tuesday 22 April 2008

ချစ်သူသို့....(၄)

ပန်းတွေဝေနေတဲ့ ဆံကေသာလေးကို
ကျွန်တော်……
အလွမ်းတွေနဲ့ ကြွေနေမိပြန်ပါပြီ……။
နူတ်ခမ်းတွေက အလွမ်းမြေကို
ခြေချခွင့်ကို သူ………
အနမ်းတွေနဲ့ ဖြေသိမ့်ပေးနိုင်လား……..။
အနမ်းများနဲ့ လမ်းများထက်မှာ
ပန်းများစွာနဲ့ အလွမ်းများစွာကို
ဆန်းပြားတဲ့ ဒီရင်ဘတ်ကြီးက
ချစ်ခြင်းတွေနဲ့ …….
သက်သေတည်နေဦးမှာပါ……….ချစ်သူ။
ပန်းတွေနဲ့ အနမ်းတွေ
ပေးခဲ့တဲ့ အလွမ်းပုံရိပ်တွေကို
တစ်သက်မမေ့နိုင်အောင်
စွဲလမ်းတမ်းတမိနေတာမို့
အနမ်းတွေနဲ့ ဖြေဖျောက်ပေးလှည့်ပါတော့….ချစ်သူ။

ချစ်သူသို့....(၃)

သြော်……အလွမ်း…..အလွမ်း……အလွမ်း
တမ်းတနေတဲ့ ရင်ခွင်တစ်စုံအတွက်
သင်္ကေတလား………..။
သြော်……ပန်း…..ပန်း…..ပန်း
နတ်သမီးတစ်ပါးရဲ့ ဆန်းပြားတဲ့
ကဗျာတစ်ပုဒ်လား……..။
သြော်……အနမ်း…..အနမ်း…..အနမ်း
တစ်သက်မမေ့နိုင်တဲ့ ချစ်သူရဲ့
အမှတ်တရလက်ဆောင်လား……..။
အနမ်းတွေကိုလည်း ပေးပါချစ်သူ……
အလွမ်းတွေကိုလည်း ပိုက်ထွေးမှာပါ…….
ပြန်ဆုံမယ့်နေ့မှာ အလွမ်းတံခွန်ကို
ပန်းတွေပြည့်နေတဲ့ လမ်းတစ်နေရာမှာ
စိုက်ထူပြီး……..
ဒို့နှစ်ယောက်ရဲ့ အနာဂတ်လမ်းဆုံးကို
အနမ်းတွေနဲ့ လျှောက်လှမ်းကြရအောင်…….ချစ်သူ။

အချစ်စစ်.....

ရင်တွေ အရမ်းခုန်နေမိပါတယ်……
ရင်ခုန်သံတိုင်းကို
ကြယ်တွေ သီချင်းဆိုပေးနေခဲ့တာ
အချိန်တိုင်းပါပဲ.......
ကောင်မလေးရေ..……
နောက်တစ်ခါ မပြုစားပါနဲ့တော့….
မှောင်မဲနေတဲ့ ငါ့ညတွေကို
အလင်းပေးမယ့် နေ့ရောက်ရင်
ကမ္ဘာကြီးကို မီးဖျက်ထားပါရစေ…….
နင့်ရင်ထဲက အချစ်စစ်...
အလင်းရောင်ကို ဂုဏ်ပြုမလို့ပါ……….။

ရပ်တည်ချက်....

နတ်သမီးရေ…..
သွားပါ….ရွက်လွှင့်ပါ……
ဘယ်ရင်ခွင်က နင့်အတွက်လုံခြုံမှာလဲ……
မိုးရွာတိုင်း မပျော်ပေမယ့်
ငါ့မျက်ရည်တွေက မိုးကို ကူညီခဲ့တယ်….
ထီးတိုင်းက မစိုအောင်လုပ်မပေးနိုင်ပါဘူး……
ငါစိုက်ခဲ့တဲ့ ပန်းကိုမပန်ရပေမယ့်……
လေဒဏ်ကြောင့် မပျက်စီးစေရပါဘူး……..
စိတ်ချပါ……..
လေကွယ်ရာအရပ်က
နင့်အတွက်ထီးတစ်ချောင်းကိုင်လျှက်ပါပဲ……..
မျက်ရည်တွေ စတေးထားလို့ ပိုလုံခြုံမှာပါ………......။

မျှော်လင့်နေဆဲပါ.....

ကောင်မလေးရယ်......
ရင်ထဲက မီးတောင်
ပေါက်ထွက်တော့မယ် ထင်ပါရဲ့........
မျက်ရည်နဲ့ စခဲ့တဲ့
ငါ့တိမ်တိုက်က ဘယ်အထိတောင်
ရွာနေရဦးမှာလဲ.............။
ရွာနေဆဲ မျက်ရည်တွေကို
တားဆီးမယ့်လူ မရှိတဲ့
ငါ့အတွက် ဖြေဆည်းစရာ
အဖြေတစ်ခုကို ပေးခဲ့ပါ........။
ကမ္ဘာ့အပြင်ဘက်မှာ တစ်ယောက်တည်း
လမ်းလျှောက်ရလိမ့်လို့
ဘယ်တုန်းကမှ မတွေးထားခဲ့မိပါဘူး.........
ကျေနပ်ရမှာပေါ့....
သောက်သုံးရမယ့် အရည်တစ်ချို့ကို
ဖန်ဆင်းရှင်က ထားပေးခဲ့သေးတယ်လေ............။

Monday 21 April 2008

“မ” သို့ .........

မရေ.......
ရာသီတွေပြောင်းလဲနေပေမယ့်
နေမင်းနဲ့ အတူ
ကျွန်တော့်ရဲ့ အချစ်တွေက
ထွန်းလင်းတောက်ပ
နေဆဲပါ..........။
လမိုက်ညတွေကို
ရင်ဆိုင်ခဲ့ပြီးပေမယ့်
အထီးကျန်ခြင်းကို
ကျော်ဖြတ်နိုင်ဖို့
စွမ်းအားဖြစ်မလာသေးဘူး........မ ရယ်.....။
အသက်ထက်ပိုပြီး
မြတ်နိုးပြီးချစ်ခဲ့တဲ့
နှလုံးရဲ့ သွေးလည်ပတ်မူတိုင်းမှာ
မ တစ်ယောက်
လည်ပတ်နေဦးမှာပါ........။
ကျွန်တော့်ကြောင့်
ခံစားချက်တွေ ဖြစ်လာခဲ့ရင်
အလွမ်းတွေကို
ကျွန်တော်ချစ်တဲ့ မ
မျက်လုံးမှိတ်မပြပါနဲ့နော်............။
လွမ်းပါ......သတိရပါ....
ခံစားပါ.....
ရင်ခုန်သံတွေကို နားဆင်ပါ......
ချစ်သူရဲ့
မျက်လုံးတွေကို ဖတ်ပါ.......
အရာရာကို
ရဲရဲရင့်ရင့် ခံစားတတ်ပါ...........။
မ ဘဝမှာ ကျွန်တော်
နံပါတ်တစ်ဖြစ်လာတဲ့
တစ်နေ့မှာ...........
နှလုံးသားကို
ဘဲလ်တီးလိုက်ပါ.......။
ပြန်ဆုံမယ့်နေ့မှာ
နီးစပ်ခြင်းခရီးကို
ထာဝရလျှောက်လှမ်းဖို့
ကြယ်စင်တွေကို တိုင်တည်ကြရအောင်......။

Friday 18 April 2008

ဘယ်တော့လဲ......

အလွမ်းတွေ ကျဲဖြန့်ထားတဲ့
အိပ်ရာထက်မှာ အိပ်မယ်လုပ်တုန်း
တမ်းတခြင်း အိပ်မက်ဆိုးတွေ
သူ လက်ဆောင်ပေးပြန်တော့
အဖော်မဲ့ ဘဝကြီးမှာ

ခံစားရတာ.......အလူးအလဲပေါ့...........။

အထီးကျန်လှတဲ့ ဘဝမှာ
အလွမ်းရဲ့ ထိုးနှက်မူကြောင့်လည်း
အကြိမ်ကြိမ်လဲပြိုခဲ့ရပါပြီ.........
အိပ်စက်ခြင်းတွေကို သူဖျက်ဆီးလို့
အိပ်ပျက်ညတွေကိုလည်း
သူဖန်တီးနေတုန်းပါပဲ..........။

နှလုံးသားကပေးတဲ့ အင်အားနဲ့
လည်ပတ်နေဆဲ ရင်ထဲကအချစ်တွေက........
လောကကြီးကို ဖျော်ဖြေနေတဲ့
မနက်ဖြန်တွေထဲက ဆုံနိုင်ခွင့်ကို
ခလုတ်တိုက်မိမယ့်
မနက်ဖြန်ကို မျှော်လင့်ရင်း
ငါ မင်းကို ရင်ခုန်နေဆဲပါ ချစ်သူ.........။

ရေမြေတွေ ခြားနေပေမယ့်
ဒို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းအတွက်
မှိန်ပျပျ မီးအိမ်ငယ်လေးတစ်ခု
လောကကြီးက .......
ထွန်းထားပေးဆဲပါ ချစ်သူ................။

သြော်....အချစ်....အချစ် (၂)

အချစ်တစ်ခု ဖြစ်ပေါ်လာဖို့လည်း အချိန်ကာလမလိုပါ......မျက်စိတစ်မှိတ် မြင်မြင်ချင်း ရင်ခုန်မူတွေ ပေးနိုင်ရင် အချစ်ဖြစ်လာနိုင်ပါသည်..........အဲ့ဒီနေရာမှာ ဓာတ်ပုံကို မြင်ဖူးရုံနဲ့ ချစ်လာနိုင်လားလို့ သူငယ်ချင်းကမေးပါတယ်......လူတစ်ယောက်ကိုရင်ခုန်ခြင်း ဖြစ်တာက အမျိုးမျိုးရှိပါတယ်.....သူ့ရဲ့ အပြောအဆိုမှာ ရင်ခုန်တာလား.....အပြုအမူမှာလား......အကြည့်တွေမှာလား......ရုပ်ရည်မှာလား...အရည်အချင်းမှာလား...........သူရဲ့ အနေအထိုင်ကြောင့်လား.........ဓာတ်ပုံကို ကြည့်ပြီး အလှအပ တစ်ခုတည်းနဲ့လည်းရင်ခုန်လောက်ပါတယ်........အဲ့ဒီမှာ အချစ်ဖြစ်လာတာပါပဲ........


လူတစ်ယောက်ကို ရင်မခုန်ပဲနဲ့ ချစ်လို့မရပါဘူး.......ဘယ်အခြေအနေမှာချစ်လာနိုင်လဲဆိုတော့ သူက ကိုယ့်အနာဂတ်ဖြစ်လာရရင် ချစ်လာနိုင်ပါတယ်.......သူက ကိုယ့်ကို ပျော်ရွင်မူတွေ ပေးလာရင်....၊ကိုယ်အတွက် အားအင်သစ်ပေးနိုင်ရင်......၊အချိန်တိုင်းမှာ မေ့ပျောက်လို့မရတဲ့ သတိရတမ်းတမူတွေ ဖြစ်လာရင်.....၊ကိုယ့်ရဲ့ ရပ်တည်မူက သူဖြစ်လာပြီဆိုရင်.........သူက ကိယ့်ရဲ့ အနာဂတ်ဖြစ်လာနိုင်ပါတယ်..........အချစ်သည် တားဆီးပိတ်ပင်လို့ မရပါ.......တားဆီးလို့ ရကောင်းတဲ့ အရာလည်း မဟုတ်ပါ......မချစ်ပါနဲ့ဟု ပြောလို့လည်းမရပေ..........ထိန်းချုပ်လို့လည်းမရပေ......အချစ်ကတော့ လူကို ထိန်းချုပ်လို့ရပါတယ်......ဥပမာဗျာ......ဆေးလိပ်သောက်တတ်တဲ့ လူတစ်ယောက်ကို သူ့ရဲ့ အချစ်ဆုံးလူက မသောက်ပါနဲ့လို့ ပြောလို့ ပြတ်သွားတာမျိုးပေါ့........အချစ်က ထိန်းချုပ်သွားတာပါ.........လူတိုင်း လူတိုင်းအတွက် ချစ်ခြင်းကို ဘုရားသခင်က ဖန်တီးပေးထားပြီးဖြစ်ပါတယ်........

ကျွန်တော် စာအုပ်တစ်အုပ် ဖတ်ဖူးပါတယ်.....အဲ့ဒီမှာ လူတိုင်းသည် မိမိ၏ ပျောက်ဆုံးနေသော အခြမ်းလေးကို ပြန်မတွေ့ သေးခြင်းသာ ဖြစ်ပါတယ်.....ထိုအခြမ်းလေးကို တွေ့သောနေ့သည် အချစ်ကို တွေ့ရှိသော နေ့ဖြစ်သည်..........တဲ့..........မိတ်ဆွေတို့ရော အဲ့ဒီအခြမ်းလေးကို တွေ့ပြီလား......အဲ့ဒီအခြမ်းလေးကလည်း မိတ်ဆွေကို ရှာနေမှာပါ.........မတွေ့သေးရင် ရှာကြပါ......တွေ့လာပါလိမ့်မည်.....တစ်နေ့နေ့ပေါ့........ဒါပေမယ့်......မှန်မှန်ကန်ကန်ရှာတတ်ဖို့တော့လိုပါတယ်..........ရှာတယ်ဆိုတဲ့ နေရာမှာ မိန်းကလေးတိုင်းကိုရည်းစားစကားလိုက်ပြောနေခြင်း.....ရည်းစားအများကြီးထားခြင်းကို ဆိုလိုသည်မဟုတ်ပါ...........စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ရှာခြင်းကို ဆိုလိုတာပါ.........လူတိုင်း လူတိုင်း ကိုယ်တစ်ကယ်ရင်ခုန်ပြီး တစ်ကယ်ချစ်ခင်မြတ်နိုးရတဲ့ ......မှန်ကန်တဲ့ ကိုယ်ပိုင်အခြမ်းလေးတစ်ခုကို မြန်မြန်ရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.........

ဆက်လက်တင်ပြပါဦးမည်......နွေလေပြေ (KSTU)

သြော်....အချစ်....အချစ် (၁)

ကျွန်တော် သည် အချစ်နှင့် ပတ်သတ်သော လူသားတစ်ယောက် ဖြစ်သောကြောင့် အချစ်အကြောင်းများစွာကို ဖန်တီးရေးသားတင်ပြခြင်းသာ ဖြစ်ပါတယ်.........အချစ်ကိုတော့ သုသေသနလုပ်နေခြင်း မဟုတ်ပါ.........အချစ်နှင့် ပတ်သတ်ပြီး ကျွန်တော့်ကိုလည်း မည်သူမျှ သင်မပေးးဖူးပါ..........အချစ်ဆိုတဲ့ အရာကတော့ ကျွန်တော့်ကို သင်ခန်းစာ များစွာ သင်ပေးပါတယ်.........အချစ်က သင်ပေးတဲ့ အတွက်ကြောင့် ကျွန်တော်လည်း အချစ်ကို ယုံကြည်လာရပါတယ်..........အချစ်ကို မြတ်နိုးလာရပါတယ်.........တန်ဖိုးထားလာရပါတယ်......သို့သော် အချစ်ကို အရူးအမူးဖြစ်နေခြင်းတော့ မဟုတ်ပါ........အချစ်ကို ယုံကြည်ခွင့်.....မြတ်နိုးခွင့် .....တန်ဖိုးထားခွင့်တို့ကို အပြည့်အဝရယူနေခြင်းသာ ဖြစ်ပါတယ်.......ကျွန်တော်မှ မဟုတ်ပါ....လူတိုင်း အပြည့်အဝခံစားခွင့်ရှိပါတယ်.....


အချစ်၏ ဖမ်းစားမူကြောင့် လူတိုင်းချစ်တတ်လာကြပါတယ်........ချမ်းသာသူတို့လည်းချစ်ကြပါတယ်......ဆင်းရဲသူတို့လည်း ချစ်ကြပါတယ်...........လူဖြူတို့သည်လည်း ချစ်ကြ၏......လူမည်းတို့လည်း ချစ်ကြ၏..........အချစ်ကို တစ်လုံးမှ နားမလည်သော အဟိတ်တိရိစ္ဆာန်တို့ပင် ကိုယ်ပိုင်အချစ်တစ်ခုတော့ပိုင်ဆိုင်ကြပါတယ်.....ကိုယ်ပိုင်အချစ်တစ်ခုရဖို့ သွားဝယ်စရာလည်းမလို........ခိုးယူစရာလည်းမလို.....အခွန်လည်း မပေးဆောင်ရပါ......ခံစားတတ်တဲ့ နှလုံးသားတစ်စုံရှိလျှင် ရပါပြီ........အချစ်ကို နှလုံးသားရှိသော လူတိုင်းခံစားနိုင်.....ပိုင်ဆိုင်နိုင်ကြပါတယ်.....သို့သော်အချစ်သည် တန်ကြေးမရှိသော အရာမဟုတ်ပါ...........တန်ဖိုးမဖြတ်နိုင်သော အရာသာဖြစ်ပါသည်.........အချစ်ကြောင့် ကမ္ဘာကြီး စိုပြေလာရပါတယ်.......အချစ်ကြောင့် လူတွေရဲ့ လူပ်ရှားမူတွေ ပိုပြီး အသက်ရှင်လာရပါတယ်.......အားအင်တွေ တက်လာပါတယ်.......ရူးသွပ်မူတွေ ပေါ်ပေါက်လာရပါတယ်........ခံစားချက်တို့ ပြင်းထန်လာကြရပါတယ်.......အချစ်အတွက်ဘဝကို စတေးခဲ့ကြသည် ဇာတ်လမ်းများစွာသည်လည်း ကျွန်တော်တို့ ရင်းနှီးတွေ့ကြုံလာရပါတယ်.......


အချစ်သည် ဆုပ်လည်စူး....၊စားလည်းရူး စေသောအရာ မဟုတ်ပါ........
လူတစ်ယောက်ကို ဘယ်အခြေအနေနဲ့ ဘယ် အချိန်မှာချစ်လာနိုင်လည်းလို့သူငယ်ချင်းတစ်ယောက်ကကျွန်တော့်ကိုမေးဖူးပါတယ်.....အချစ်သည် လူတွေပြောနေကြသလို မျက်စိကစခြင်းမဟုတ်ပါ.........ရင်ခုန်သံက စခြင်းသာဖြစ်ပါသည်.......ရင်ခုန်ခြင်းမှာ ယောင်္ကျားလေးများနှင့် မိန်းကလေးတို့ ကွဲပြားကြပါတယ်.......များသောအားဖြင့် မိန်းကလေးတို့သည် ကိုယ်ရင်ခုန်သောသူကို ရုပ်ရည်ရူပကာကို မကြည့်ကြပေ....သူတို့ကို ရင်ခုန်သံစဉ်တွေ ပေးနိုင်သော သူကိုချစ်ကြပါတယ်......သို့သော် ယောင်္ကျားလေးအများစုမှာ သူတို့၏ ချစ်သူမိန်းကလေးသည် အလှဆုံးမဟုတ်ရင်တောင် ရွက်ကြမ်းရည်ကျိုလောက်ရှိမှသာရင်ခုန်ကြပါတယ်.........ထိုကဲ့သို့ ကွဲပြားမူများသည် မည်သူ့ကိုမှ အပြစ်ပြောလို့မရပေ......သဘာဝတရားက ဖန်ဆင်းထားသော ချစ်ခြင်း၏ ပြကွက်တစ်ခုပင် ဖြစ်ပါသည်........


ဆက်လက်တင်ပြပါဦးမည်..........နွေလေပြေ (KSTU)

Thursday 17 April 2008

တစ်နေ့နေ့.........

နတ်သမီးရေ........
နင်ငါ့ကို သေအောင်သတ်နေပြီပေါ့
မျက်ရည်တွေနဲ့
လမ်းခွဲရမှာကိုတွေးကြောက်မိပါတယ်......
အလွမ်းတွေကြားမှာ ငါ့ကောင်းကင်
ပြိုကျသွားမှာကိုတောင် မကြောက်ပါဘူး...........
တစ်ယောက်တည်း နေခဲ့မယ့်
နင့်ကို ပန်းတွေဘယ်သူပေးမှာလဲ..........
လမ်းတွေအများကြီး
လျှောက်ရဦးမယ် ချစ်သူရယ်.........
လမ်းဆုံးတဲ့ နေ့ရောက်ရင်
နင့်ဆီက အဖြေတစ်ခုအတွက်
ငါ့အသက်ကို ပေးအပ်ပြီး
ပြင်လယ်ပြင်ကို ကျော်ဖြတ်ကြတာပေါ့..........။

Wednesday 16 April 2008

ချစ်သူ နှင့် ရည်းစား......

ယောင်္ကျားတိုင်း....၊မိန်းမတိုင်းရည်းစားထားဖူးကြမှာပါ.......ဒါပေမယ့် ချစ်သူကိုတော့ လူတိုင်း ထားဖူးကြမှာ မဟုတ်ကြပါဘူး.......လူအများစုက ချစ်သူနှင့် ရည်းစားကို အတူတူပဲလို့ ထင်ကောင်းထင်ကြမှာပါ.........ဒါပေမယ့်..........ချစ်သူနဲ့ ရည်းစားက မတူဘူးဗျ.........ဥပမာပေါ့ဗျာ----မြွေနဲ့ ကင်းလိပ်ချောလိုပေါ့........တူတယ်ထင်ရပေမယ့် မတူပါဘူး.......လုံးဝမတူပါဘူး.........အခေါ်အဝေါ်ကိုကကွဲပါတယ်........ချစ်သူကချစ်သူပါ.....ရည်းစားက ရည်းစားပါ........ဘယ်လိုမတူတာလဲ ဆိုတာ ကျွန်တော် တင်ပြပါရစေ........

ရည်းစား......

ရည်းစားဆိုတာ တစ်ခဏတာ လက်တွဲရတဲ့သူလို့ ကျွန်တော်ဘာသာပြန်ချင်တယ်......ဘာလို့လဲဆိုတော့ ရည်းစားဘဝက ရည်ရွယ်ချက်မရှိဘူး.......တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်း သူမရှိဘူး......ကိုယ့်အနာဂတ်မှာလည်း သူလုံးဝမရှိပါဘူး........သူပြတ်ရင် ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........ရည်းစားထားတယ်ဆိုတာ သူငယ်ချင်းတွေရှေ့မှာ မော်ကြွားယုံ........ပန်းခြံတွေလျှောက်လည်ယုံလောက်နဲ့တင် အဆုံးသတ်သွားပါပြီ............ပြောရရင်သူနဲ့ ကိုယ် အတွယ်အတာ ဘာမှ မရှိပါဘူး........ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........တစ်ချို့ဆို ရည်းစားဘဝမှာတင် ဘဝကိုစတေးလိုက်ရတာတွေ ရှိပါတယ်......အင်း.......ရည်းစားထားပြီဆိုရင်တော့ ရည်းစားကို ရည်းစားနဲ့တူအောင် ထားဖို့တော့လိုအပ်တာပေါ့ဗျာ...........ဘယ်လိုပဲဖြစ်ဖြစ် ရည်းစားအဆင့်နဲ့တော့ ဘဝကို တည်ဆောက်လို့မရတာတော့ သေချာတယ်.......ရည်းစားမှာ အဆုံးသတ်မရှိဘူး......ကြိုက်သလောက် ထားကြတယ်.......

ချစ်သူ.........

လူတစ်ယောက်က ဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ......နောက်ဆုံးတော့ သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာ တစ်ယောက်ပဲရှိပါတယ်........ချစ်သူကိုတော့ တစ်ဘဝလုံးအတွက် ပုံအပ်ပြီး လက်တွဲရမယ့်သူလို့ ရွေးချယ်လိုက်တဲ့သူကို ချစ်သူလို့ ဘာသာပြန်ပါရစေ........ရင်ထဲက အချစ်စစ်....၊အချစ်မှန်.....၊ မြတ်နိုးတွယ်တာမူတွေနဲ့ တည်ဆောက်ထားတယ်........သူ့မှာတော့ ရည်ရွယ်ချက်ရှိလာပြီ.....အနာဂတ်ရှိလာပြီ........သူနဲ့ ကိုယ်လက်ထပ်ပြီးရင် ဘာလုပ်ကြမှာလဲ.......ဘယ်လိုနေမှာလဲ.......အများကြီးပေါ့ဗျာ...........သူကအဆက်ဖြတ်သွားရင်တောင် ကိုယ့်မှာ အနာဂတ်ပျောက်သွားနိုင်တယ်.......ဘဝဆုံးပြီး အသက်ပါ ဆုံးသွားတတ်တယ်............ချစ်သူမှာ လှတာ မလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာန ကင်းမဲ့တယ်........တစ်ယောက်ကို တစ်ယောက် နားလည်မူအပြည့်ရှိတယ်........ဘာဆိုဘာမှ မရှိဘူး.......သူ့ကို ချစ်နေရရင်ပဲကျေနပ်နိုင်တယ်......သူကိုလည်း ပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........သံယောဇဉ်တွေ မေတ္တာတွေ တွယ်တာမူတွေ တမ်းတမူတွေ သတိရမူတွေ အားလုံးပါဝင်နေတယ်..........ချစ်သူအဖြစ် တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့ သူနဲ့ ပတ်သတ်ရင် အရာရာကိုရင်ဆိုင်နိုင်ရမယ်..........သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ ခွင့်လွှတ်နိုင်ရမယ်......ခွင့်လွှတ်နိုင်လောက်တဲ့ အတိုင်းအတာထိပေါ့ဗျာ.........သူကို ပျော်ရွင်မူတွေပေးရမယ်.......သူနဲ့ တွေ့ရင် ရင်တွေခုန်နေတာပေါ့ဗျာ.......သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆို ချစ်သူနဲ့ ပတ်သတ်တဲ့ အရာအားလုံးကို အချိန်...နာရီ....မိနစ်.....စက္ကန့်တောင် မလွဲအောင် တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့ ချစ်သူအဖြစ် ကနေ လက်တွဲပြီး ဘဝကိုတည်ဆောက်ကြတာပေါ့.......


မိတ်ဆွေတို့ရော.......အွန်လိုင်းမှာဖြစ်ဖြစ်.....အပြင်မှာ ဖြစ်ဖြစ်......မိမိအခု လက်ရှိ ချစ်ကြိုက်နေတယ်ဆိုတာ ရည်းစားအဖြစ်လား.........? ချစ်သူအဖြစ်လား........? ယောင်္ကျားလေးဖြစ်ဖြစ်......မိန်းကလေးဖြစ်ဖြစ်......ချစ်သူလား......ရည်းစားလား ဆိုတာကိုမိမိကိုယ်ကို ဝေဖန်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ..........

အစတစ်ခုရဲ့ အဆုံး.........

ဟိုး…..ဟိုး…..အဝေးတစ်နေရာမှာ
ကြေကွဲနေတဲ့ လူတစ်ယောက်ရဲ့
လမ်းဆုံးရှိနေတယ်…………
အိပ်မက်သစ်တွေ
မွေးဖွားမလို့လုပ်တုန်း
ဒိုင်ယာရီဟောင်းက စာမျက်နာတွေက
လေထဲမှာ လွင့်ပြန်ထွက်သွားတယ်…………
ငါ့ဘုရားကျောင်းမှာလည်း
ခြေသံတွေတိတ်နေပြီ………
အနာဂတ်ကလည်း
ဆေးတွေ ပျက်ပြယ်နေပါပြီ………….
ကျိန်စာမိနေသူတစ်ယောက်ကို
မှော်မျက်လုံးတွေနဲ့ မပြုစားပါနဲ့တော့……….
ခွင့်ပြုမယ်ဆိုရင်
မှိန်ပျပျအလင်းရောင်တွေကြားမှာ
ဆက်ပြီးမျောလွင့်ပါရစေ…………။
ငါ့မြို့ဟောင်းမှာ
မော်ကွန်းသစ်ရေးထိုးရင်တော့
မင်းကို……….ဖိတ်လိုက်ပါ့မယ်………..။
ဖြူစင်တဲ့ ရာဇဝင်သစ်ကြောင့်
ချစ်သူတွေ ရေးထိုးကြတဲ့ ပုရပိုက်မှာ
“မင်း ”လူမိုက်မလုပ်ပါနဲ့……….ကောင်မလေး။

အလင်းရောင်......

သူမအချစ်တွေ.....
ကျွန်တော့်အတွက် နည်းနေခဲ့ရင်တောင်
ကျွန်တော် သူမကို ချစ်နေမယ်...........။
သူမခံစားချက်တိုင်း ........
ကျွန်တော့်အတွက် မဟုတ်မှန်းသိနေခဲ့ရင်တောင်
ကျွန်တော် သူမကို ချစ်နေမယ်......။
သူမထားခဲ့တဲ့ အနာဂတ်ထဲမှာ
ကျွန်တော် မရှိနေခဲ့ရရင်တောင်
ကျွန်တော် သူမကို ချစ်နေမယ်......။
သူမရဲ့အသံ ၊ သူမရဲ့ တုံ့ပြန်မူတွေ
အသက်မပါတော့ရင်တောင်
ကျွန်တော် သူမကိုချစ်နေမယ်.......။
လောကကြီးကို အံ့တုပြီးရင်ဆိုင်ဖို့
သူမအတွက်ခွန်အားသစ်တွေ
အမြဲတမ်း လန်းဆန်းနေရမယ်.....။
ချစ်တယ်......ချစ်တယ်.....အရမ်းချစ်တယ်......
အချစ်မှာ ချစ်နေခြင်းကပဲ
အဓိကလို့ ခံယူထားတဲ့
ကျွန်တော့်ရဲ့ ရင်ခွင်တစ်စုံအတွက်
မျှော်လင့်ချက် အလင်းရောင်ဆိုတာ........ဘာလဲ..........။

အိပ်မက်.....

နှင်းမြို့တော်ရဲ့ ဆောင်းတွင်းလေးမှာပေါ့
နှင်းတွေကလည်း မြိုင်မြိုင်ကျလို့
ကြည့်မျှော်တိုင်း ရှုငေးလို့မဆုံးခဲ့
လူတွေအားလုံး နွေးထွေးမှုကိုယ်စီနဲ့
ချစ်သူကလည်း ကျွန်တော်လက်ကိုတွဲလို့
နှင်းတွေကြားမှာ ပျော်လိုက်တာ မောင်ရယ်လို့
ချိုမြိန်နှုတ်ခမ်းလွှာ ဖွင့်ဟပြန်တော့
ရင်မှာပီတိ ခွမ်းစည်ထိခဲ့ပါကော
နှင်းမြို့တော်လေးရဲ့ အအေးဒဏ်ကို
အချစ်စွမ်းအား ခုခံပြန်ပေးနေသလို
မောင်သာအနားမှာ ရှိနေခဲ့ရင်
ကျွန်မအရာရာကို ကျော်လွှားမယ်လို့
ကျွန်တော်ရင်ခွင်မှာ မှေးစက်ရင်း
မျက်လွှာရယ်ချ သူပြောပြန်တော့
နတ်သိကြားများ ပန်းရထားနဲ့
နိဗ္ဗာန်ဆီတောင်ဆွဲခေါ်ရင် မလိုက်ချင်ပေါင်
အတန်တန်ငြင်းလိုက်မယ်
စက္ခုနှစ်လွှာ ဖွင့်ဟကြည့်တော့
သြော်...ကျွန်တော် ကျောင်းနောက်ကျပြန်ပါပြီ............

ရှင်သန်ခြင်း.......

ပန်းခင်းထားတဲ့ လမ်းမပေါ်မှာ
အလွမ်းလူသားအဖြစ်
ဘယ်အချိန်ထိလျှောက်လှမ်းရဦးမှာလဲ........ချစ်သူ...။
အလွမ်းတွေ စိုက်ထူတိုင်း
အနမ်းတွေ ကို မမေ့နိုင်တာ
ဘာကြောင့်လဲ..........။
အနမ်းတွေကို သတိရတိုင်း
အချမ်းမပြေနိုင်သေးတာ
အချစ်ကြောင့်လို့ ဆိုရမှာပေါ့........။
သြော်......အချစ်....အချစ်
ကမ္ဘာတည်သရွေ့ ရှိနေပေမယ့်
လေတိုက်တိုင်း ယိမ်းနွဲ့တတ်တာ
အချစ်လို့ အော်ဟစ်နေရပြီ.........။
ကောင်မလေးရေ.......
မင်းရဲ့ အောင်မြင်မူမှာ
၁ ကနေ ၁၀ အတွင်းရုန်းမထွက်နိုင်တဲ့
လူသားတစ်ယောက် ကျရူံးခဲ့ပါပြီ........။
ပန်းတွေပျက်စီးခဲ့ရင်တောင်
အလွမ်းတွေနဲ့....
အထီးကျန်လမ်းမပေါ်မှာ
တစ်ယောက်ထဲ ကခုန်နေဦးမှာပါ..........။
ကမ္ဘာခြားသွားရင်တောင်
အချစ်တွေကို မင်းအတွက်
ထားခဲ့ပါရစေ................ချစ်သူ........။

Tuesday 15 April 2008

အချစ်ဦး..........အချစ်ဆုံး.........

အချစ်ဦး..........တဲ့
ကျွန်တော်ဆိုလိုသည်မှာ ငယ်ချစ်ဦးမဟုတ်ပါ......လူတစ်ယောက်က ငယ်ကပဲချစ်ချစ်...၊ကြီးလာမှပဲ ချစ်ချစ်မိမိအချစ်နဲ့ စတင်တွေ့ထိပြီးချစ်တဲ့သူဟာ အချစ်ဦးပါပဲ..........အဲ့ဒီမှာ ကျွန်တောပြောချင်တာက နှစ်ဦးနှစ်ဘက်ချစ်ကြတဲ့ အကြောင်းကို ပြောပြချင်ပါတယ်.....တစ်ဖက်သတ်အချစ်ဟာ အချစ်ဦးမဟုတ်နိုင်ပါ.....ပြီးတော့ ရည်းစားများစွာထားပြီး ပထမဆုံးရည်းစားကိုဆိုလိုခြင်းလည်းမဟုတ်ပါ.......တစ်ကယ်ချစ်ခဲ့တဲ့ အချစ်ကိုဆိုလိုခြင်း ဖြစ်ပါတယ်......အချစ်ဦးကို မေ့မရနိုင်ပါဘူးလို့ ကြားဖူးပါတယ်....အဲ့ဒီမေ့မရနိုင်တဲ့ သူတွေက ဘာကိုမမေ့နိုင်တာလဲ......ပထမဆုံးချစ်ရသူမို့ စွန့်စားပြီးချစ်လိုက်ရလို့လား.....ချစ်ရသူထံမှ ရဲရင့်တဲ့ အပြုံးကို တွေ့ရှိလိုက်လို့လား.....မိမိကို ရင်ခုန်မူတွေ ပေးနိုင်လို့လား......ဘယ်လိုပဲ ဖြစ်ဖြစ် လူတစ်ယောက်က ကိုယ့် အချစ်ဦးဆီက ရလိုက်တဲ့ ပျော်ရွင်မူ...ခံစားမူ...ရင်ခုန်မူ...မျိုးတွေဟာ နောက်ထပ်ပေါ်ပေါက်လာမယ့် အချစ်နဲ့ မရနီူင်တော့ပါဘူး......အဲ့ဒါကြောင့် လူတစ်ယောက်ဘဝမှာ ကြီးကျယ်တဲ့ ခံစားမူမျိုးကို အပေးနိုင်ဆုံးသူဟာ အချစ်ဦးပါပဲ.......မိတ်ဆွေတို့ဆီမှာလည်း အချစ်ဦး ရှိကြမှာပါ......အဲ့ဒီအချစ်ဦးကို ဒီနေ့ထိ မေ့လို့ရခဲ့ပါသလား.......ကျွန်တော့်မှာလည်း ရှိခဲ့ပါတယ်......သူနဲ့ ဝေးသွားတဲ့ နောက်မှာလည်းရင်ထဲမှာ တစ်ခုခုကျန်ခဲ့ပါတယ်.....မခံစားတတ်အောင်ပေါ့..........ပြီးတော့ ကျွန်တော် နောက်ထပ် အချစ်နဲ့ ထပ်တွေ့တယ်.........ဒါဟာမဆန်းပါဘူး......ဆန်းတာက နောက်ထပ် အချစ်နဲ့ တွေ့ပြီး ဝေးကြရတော့ အချစ်ဦးလောက်မခံစားရတာပါပဲ......ကျွန်တော်ရဲ့အချစ်ဦးကရော ကျွန်တော့လောက် ခံစားရမှာလား.......တစ်ကယ်ချစ်ခဲ့ရင်တော့ သူလည်းခံစားရမှာပါ......ဒါပေမယ့်ပြီးခဲ့ပါပြီ.......သူနဲ့ ကိုယ်က တစ်ခြားဆီပါပဲ.....တမ်းတနေလို့လဲ ဘာမှမထူးတော့ပါဘူး......လူကြီးမင်းတို့ရော မေ့လို့ရနိုင်မှာလား.......မေ့လို့မရပါဘူး......သူနဲ့ ပတ်သတ်ခဲ့တာကြောင့် သူ့နာမည်တော့ ရင်ထဲမှာ ကျန်ခဲ့မှာပါ......နှစ်တွေ ဘယ်လောက်ကြာကြာ မမေ့ပါဘူး.....သူငယ်ချင်း မိတ်ဆွေတစ်ယောက်နာမည်ကို နှစ်တွေကြာရင် မေ့မှာပါ.....သေတဲ့အထိမမေ့တာက အချစ်ဦးနဲ့ ပတ်သတ်မူပါပဲ......အချစ်ဦးနဲ့ပတ်သတ်ရင် အမည်းစက်တော့ မကျန်ခဲ့တာ ကောင်းပါတယ်.....ကျန်ခဲ့ရင် မကောင်းပါဘူး......အချစ်ဦးကို မပေါင်းလိုက်ရရင် အတိတ်မှာထားခဲ့တာပဲ ကောင်းပါတယ်.....ဘယ်တော့မှ ဘယ်သူရှေ့မှာမှ ပြန်မပြောမိပါစေနဲ့.......အချစ်ဦးကို တမ်းတမိရင် အချစ်ဆုံးနဲ့ ဝေးရမှာပါ......အချစ်ဦးဟာ အချစ်ဆုံးမဟုတ်ပါဘူး......အချစ်ဆုံးဆိုတာ ကိုယ်အရမ်းချစ်ရပြီး သူအတွက်ဆို အရာရာကိုပေးဆပ်ရဲတဲ့သူပါ.......ဘာပဲဖြစ်နေနေပါ......ပြန်တွေ့ကြရင်တောင် ပြုံးပြလိုက်ပါ......မထူးတော့တဲ့ အချစ်ဦးကို တမ်းတနေမယ့်အစား ထူးလာမယ့် အချစ်ဆုံးကို ပေးဆပ်ကြပါလို့...........သေချာတာတစ်ခုက အချစ်ဦးဆီက ဒဏ်ရာတွေ ရခဲ့ပေမယ့် အချစ်ဆုံးဆီက ဘာဒဏ်ရာမှရမှာ မဟုတ်ဘူးဆိုတာပါပဲ.............


မှတ်ချက်။ ။ကျွန်တော် အချစ်ဦးကို တမ်းတခြင်း မဟုတ်ပါ...........အချစ်ဆုံးကို ပေးဆပ်ခြင်းပါ.....

Monday 14 April 2008

ချစ်ခြင်းရဲ့နောက်ကွယ်မှာ

ကျွန်တော် ရေးထားတဲ့ အချစ်နှင့် ပတ်သတ်သော အကြောင်းအရာများဟာ တင်ပြချက်သက်သက်သာဖြစ်ပါတယ်......လောကကြီးမှာအမှန်နဲ့ အမှားပဲ ရှိလိမ့်မယ်လို့ လူကြီးမင်းတို့ သတ်မှတ်ထားလိမ့်မယ်လို့ ထင်ပါတယ်......ကျွန်တော်လည်း ထင်ခဲ့ပါတယ်..........ဒါပေမယ့် အဲ့ဒီ အမှန်နဲ့ အမှားကြားမှာ အရာတစ်ခုရှိသေးတယ်လို့ ကျွန်တော်တင်ပြပါရစေ.......ဥပမာဗျာ......သင်္ချာဂဏန်းတွေထဲမှာ၁ ရယ် ၂ ရယ်ရှိတယ်ဆိုပါစို့......အဲ့ဒီဂဏန်း ၂ လုံးကြားမှာ ၁.၀၁ တို့ ၁.၀၂ တို့ အများကြီးရှိပါတယ်.......အဲ့ဒီလိုပဲ အချစ်ကို အမှန်လို့ ထားပြီး အမုန်းကို အမှားလို့ထားကြည့်လိုက်ရင် အချစ်နဲ့ အမုန်းကြားထဲမှာ ရှိတဲ့ အရာတွေကို သိလိုက်မှာ မဟုတ်ပါဘူး..........လောကကြီးမှာ အဲ့ဒီ အချစ်နဲ့ အမုန်းကြားထဲမှာ ရှိတဲ့ အရာတွေကို မသိကြလို့ လူတွေ ....ချစ်သူတွေ ရန်သူတွေ ဖြစ်ကြရတာလို့ ကျွန်တော်ထင်ပါတယ်......လူတွေမှာ အချစ်ဆိုတဲ့ အမှန်တရားတစ်ခု ရှင်သန်နေရင်တော့ ပြသာနာ မရှိပါဘူး.....ဒါပေမယ့် အမှားဖြစ်တဲ့အမုန်းကတော့ မရှင်သန်သင့်ပါဘူး........ကျွန်တော်တင်ပြသောအကြောင်းအရာများဟာ အချစ်နဲ့ အချစ်နောက်ကွယ်က အမုန်းမရောက်
သော အကြောင်းများသာဖြစ်ပါတယ်.......တစ်ကယ်လို့ အချစ်မရှိတော့ရင်တောင် သံယောဇဉ် နဲ့ တစ်ချိန်က ပတ်သတ်မူဆိုတာ ကျန်နေဦးမှာပါ.....အဲ့ဒါဟာ အချစ်နဲ့ အမုန်းကြားထဲက အရာပါပဲလို့ကျွန်တော်ထင်တယ်.....အဲ့ဒီအရာလေးတွေကို ထိန်းထားနိုင်သရွေ့ နောင်တစ်ချိန်ပြန်တွေ့ရင်တောင် သောကတွေကင်းနေမှာပါ.....ကောင်မလေးတွေမှာ ကျွန်တော်မြင်နေရတဲ့ အချက်တေလးတွေရှိပါတယ်......သူတို့မနှစ်သက်တဲ့လူက ရည်းစားစကားလာပြောရင် ကြည့်မရဘူး.....ရုပ်ကိုက ဘာဖြစ်တယ်...ညာဖြစ်တယ်နဲ့ မညှာမတာပြန်ပြောလေ့ရှိကြပါတယ်......သူတို့ နှစ်သက်လူနဲ့ ကျရင်တော့ တစ်မျိုးပေါ့ဗျာ.......တစ်ကယ်တော့ လူတိုင်းဟာ လူပါပဲ......လူလူချင်းပဲ.....မကြိုက်ရင်မကြိုက်တဲ့ဟာကို သွယ်ဝိုက်ပြောလို့ရပါတယ်.......ရည်းစားစကားလာပြောတဲ့သူက ဘာကြီးဖြစ်နေနေပါ......သူလည်း သူချစ်ရတဲ့သူပိုင်ဆိုင်ချင်တာသဘာဝပါ......အဲ့ဒီမှာ အချစ်နဲ့ အမုန်းကြားထဲက အရာနဲ့ ရည်းစားစကားလာပြောတဲ့သူကို သူငယ်ချင်းဇာတ်သွင်းလိုက်ရင်ပြီးသွားပါပြီ.......ဘာမှဖြစ်လာမှာ မဟုတ်တော့ဘူးလေ......အဲ့လိုမှ မဟုတ်ရင်တော့ ဟိုဘက်က မညှာမတာပြောခံရတဲ့ ယောင်္ကျားလေးက မကျေနပ်ရင် အမုန်းဆိုတဲ့ ဒုက္ခဆိုးကြီးကို ထွေးပိုက်ရတော့မှာပါပဲ.......လောကကြီးမှာ ဘယ်တော့မှလည်း အဆိုးဖြစ်မနေပါဘူး.....အကောင်းဆုံးလည်းဖြစ်မနေပါဘူး......ကျွန်တော်တို့ဟာ အဆိုးနဲ့ အကောင်းကြားထဲမှာ ၇ှင်သန်နေတာပါ.......အဆိုးမဟုတ်ရင် အကောင်းလို့ လူကြီးမင်းတို့ပြောကြမှာပါ.......ဒါဆိုရင် နေ့စဉ်ဖြတ်သန်းနေရတဲ့ အလုပ်တွေဟာ အကောင်းဖြစ်နေမှာလား......အဆိုးဖြစ်နေမှာလား...စဉ်းစားကြည့်ပေါ့ဗျာ.....တစ်ကယ်တော့ အဆိုးနဲ့ အကောင်းကြားထဲမှာ လူတွေလည်ပတ်နေတယ်လို့ ကျွန်တော်ထင်တယ်လေ.............မဆိုးမကောင်းလေးတွေပေါ့ဗျာ.....အချစ်ဆိုတဲ့ အရာကိုလည်း ချစ်ခြင်းနဲ့ အမုန်းသို့ မရောက်ခင်အရာလေးတွေနဲ့ လူကြီးမင်းတို့ နေ့စဉ်ဖြတ်သန်းနေကြရင် ဘဝကြီးဟာ သာယာလာလိမ့်မယ်လို့ ကျွန်တော်တင်ပြပါရစေ.......လူတိုင်း...လူတိုင်း မုန်းခြင်းကင်းကြပါစေဗျာ.....ချစ်ခြင်းရဲ့ အသီးအပွင့်တွေ လူတိုင်းခံစားရပါစေဗျာ......

Sunday 13 April 2008

ချစ်သူသို့........(၂)

အို….အသင်လောက…….
ကျွန်တော့်ကို သတ်ပစ်လိုက်ပါ……..
ကျွန်တော် ရင်ဘတ်ထဲက သူမအားချစ်နေသော အချစ်များအားလုံးကို သူမဆီသို့ ပို့ပေးပါ……..သံသရာတစ်ကွေ့မှာ တွေ့ခဲ့ရပေမယ့် ဘဝဆက်တိုင်းလက်တွဲပါရစေ…….ကမ္ဘာကြီး အသစ်ပြန်ဖြစ်တဲ့အခါ နေမင်းထွက်လာရင် ကျွန်တော်ဖြစ်လာမယ်…..လစန္ဒာထွက်လာရင်သူမဖြစ်မယ်……သစ်ပင်တွေ ပေါက်လာရင် သူမနဲ့ ကျွန်တော် အချစ်တွေနဲ့ ရှင်သန်စေမယ်……သမုဒ္ဒရာ…ပင်လယ်တွေပေါပေါက်လာရင် သူမနဲ့ ကျွန်တော်လက်တွဲပြီး ကျော်ဖြတ်ကြမယ်……..နှင်းတွေကျလာလို့ အေးခဲလာရင် သူမနဲ့ ကျွန်တော်ဖက်ထားမယ်…..လောကကြီးကို နွေးထွေးစေမယ်………မိုးတွေရွာလာရင် မိုးစက်တို့ကြားမှာ သူမနဲ့ ကျွန်တော် ပျော်မြူးမယ်….လောကကြီးကို အချစ်မိုးစက်တွေ သွန်းဖြိုးပြီး စိမ်းလန်းစေမယ်…….နွေတိုင်းကို ဥသြငှက်တို့နဲ့အတူ သူမနဲ့ ကျွန်တော် အေးမြစေမယ်……ဖြစ်ပေါ်လာသမျှ အရာအားလုံး သူမနဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းအသီးအပွင့်တွေ ခံစားစေရမယ်…….ဘဝဆက်တိုင်း သူမနဲ့ ကျွန်တော် ကမ္ဘာကြီးမှာ မဆုံးသော ချစ်ခြင်းတွေ တည်ထောင်ကြမယ်……ချစ်သူတို့ရဲ့ ကကြိုး..၊ကကွက်တို့နဲ့ မမောနိုင်အောင် ကကြမယ်…….ကံကြမ္မာကို သူမနဲ့ကျွန်တော် ကြိုးကိုင်ကြမယ်……လောကကြီးမှာ မျက်ရည်နဲ့အလွမ်းတွေ မပေါ်ပေါက်နိုင်အောင်လို့ပါ……….သြော်…ချစ်သူ…ချစ်သူ….ဘယ်ဆီ ဘယ်ဝယ်ကိုမှာ မပျံသန်းပါနဲ့……နားခိုစရာအဖြစ် သဘာဝတရားက ကျွန်တော့်ကို ဖန်းဆင်းထားပါတယ်……လှမ်းလာခိုနားလှည့်ပါတော့……….

ခံစားချက်.....

ချစ်သူ.........
အလွမ်းတွေ
ထိုးနှက်တိုက်ခိုက်လို့
ဒီရင်ဘတ်ကြီးလဲ
ဖူးယောင်လို့နေပါပြီ........
မင်းကိုချစ်ရတာ
ကြိုးဝိုင်းပေါ်က
အသေအကြေ
ထိုးသတ်ရတော့မယ့်
လူတစ်ယောက်လိုပါပဲ........။
စိုးရိမ်စိတ်တွေနဲ့
ချစ်နေရတဲ့
နှလုံးသားကို
အားနားမိတယ်.........။
ချောင်းရိုက်ခြင်းကို
ခံလိုက်ရတဲ့
နာကျင်မူမျိုးနဲ့
မထားခဲ့ပါနဲ့........။
စိန်ခေါ်မူတွေကြားက
ဘယ်တိုက်ပွဲကိုမှ
မဆင်နွဲချင်တော့ပါဘူး........။
သတ္တိတွေကင်းမဲ့နေတဲ့
ကိုယ့်ဘဝဟာ
မင်းရှေ့မှာတော
ဒူးထောက်နေမြဲပါ......ချစ်သူ.............။
ကောင်မလေးရေ......ပစ်သတ်ခဲ့ပါ.........
နှလုံးသားကိုတော့ဒဏ်ရာတွေမပေးခဲ့ပါနဲ့.........။
ထာဝရချစ်နေမဲ့
ရင်ဘတ်ထဲက
ထာဝရပဲတောင့်တနေပါရစေ......ချစ်သူ...........။
ချစ်ခြင်းရဲ့ သဘောတရားကို ကျွန်တော် အရမ်းချစ်ရတဲ့ ကောင်မလေးနားလည်တတ်ပါစေ……ကျွန်တော်ရဲ့ ကဗျာများနှင့် စာများသည် သူမကြောင့် ဖြစ်ပေါ်လာပြီး သူမအား ရည်ညွှန်းထားခြင်းများပင်ဖြစ်ပါတယ်…….

ပြန်လာမှာလား.........

ငါဘ၀ရဲ့နတ်သမီး.......
ငါ့ရင်ကိုလင်းတောက်ပြုစားတဲ့.....
နတ်သမီးရေ....
..
မြတ်မြတ်နိုးနိုး ချစ်ရရိုး အမှန်ပါ......
မိုးဆိုတာ နွေကိုဖြတ်ပြီးမှ
ရူးရူးမူးမူး
ဖူးခဲ့ရတာပါလေ.......
နေညိုညို ဘ၀တွေ
အိုတာတောင်
မဟြေင်းမလဲ
ကျန်ရစ်မယ့်အဖြစ်
ငါ့အချစ်ပဲဖြစ်မယ်
........
ငါ့နတ်သမီးရေ.....
ကြယ်ကိုစီးပြီး
ခရီးနှင်ပါ
ဘုံအဆင့်ဆင့်မှာစံပြီး
မြင့်သထက်မြင့်ပါစေ
......
ဘယ်အချိန်မှာပဲဖြစ်ဖြစ်
အနားယူဖို့လိုအပ်လာရင်တော့
ငါ့ဆီကိုပြန်လာခဲ့ပါ..........
မင်းကိုချစ်တယ် ကောင်မလေးရယ်........။

တမ်းတခြင်း.......

အတိတ်ဆိုတာ
ကြာကြာလာလည်း
အခါခါပဲ
အိပ်မက်မွကြေ
အအိပ်ပျက်...ည
သန်းခေါင်ယံထိ
တွေးရင်းလှည့်လည်
အိပ်မက်ဆိုးက
ဖြေမပြေဘူး.....
သြော်............
နွေ...နွေ...နွေ...နွေ
ရင်တစ်ခုလုံး
ခါးသီးတိုက်စား
ခရီးပျောက်လို့
မျက်ရည်ပေါက်ဖွဲ့ 
ငိုခဲ့ဖူးပြီ........
ချစ်သူ...ရယ်........။

ပိုင်ဆိုင်လိုခြင်း

အိပ်မက်လမ်းတွေထဲမှာ
အထိတ်တလန့် နဲ့ 
အလွမ်းရထားကြီးကို
တစ်ယောက်တည်း
မျက်ရည်တို့ နဲ့ 
စီးနေရပြီ...
ကလေးရယ်..........။
လောကဓံဦးစီးတဲ့
ကံတရားလှေကြီးထဲမှာ
ဘယ်အချိန်ထိ
စီးမျောနေရဦးမှာလဲ.....?။
ဝေးနေရတဲ့
နေ့ ရက်တိုင်းက
တိမ်တိုက်လို
မပျောက်ကွယ်ခဲ့ ရင်တောင်
ချစ်ခဲ့ရတဲ့
အချိန်တိုင်းကတော့
ရင်ထဲမှာ
ဘယ်တော့မှ........
ပျောက်သွားမှာ
မဟုတ်တော့ဘူး
ကလေးရယ်.........။
အတိတ်ကို
အနာဂတ်နဲ့ 
အစားထိုးနိုင်ပေမယ့်
သတိရခြင်းတွေကိုတော့
မေ့ပျောက်ခြင်းနဲ့ 
အစားထိုးလို့ ရမှာ
မဟုတ်ဘူး.........။
ချစ်ခြင်းတွေနဲ့  (မင်းအတွက်)
ပြည့်နှက်နေတဲ့
ကိုယ့်ရဲ့ .....
လွမ်းတတ်ခြင်းတွေကို
ဘာနဲ့ မှ
အစားမထိုးလိုက်ပါနဲ့ 
ကလေးရယ်............။
ဆုတောင်းတိုင်း
ပြည့်ပေးခဲ့မယ်ဆိုရင်
မင်းနဲ့ ...
ပတ်သတ်ပြီးရတဲ့
ချစ်ခြင်း.....
လွမ်းခြင်း.....
သတိရခြင်း.....
အရာအားလုံးကို
ထာ၀၇.....
ဘ၀ဆက်တိုင်း
ပိုင်ဆိုင်ချင်မိတယ်
ကလေးရယ်............။

ချစ်သူသို့....... (၁)

ချစ်သဲရေ……. အရမ်းလည်းလွမ်းနေမိပါတယ်……လွမ်းတယ်ဆိုတာ လွမ်းခွင့်ရှိမှ လွမ်းရတာပါ……ချစ်သူကမောင့်ကို လွမ်းခွင့်ပေးထားရင်ပေါ့………မပေးထားလည်း လွမ်းမိမှာပါလေ…….ချစ်မိမှတော့ လွမ်းရတာ အဆန်းမဟုတ်တော့ပါဘူးနော်…….ဘာနဲ့မှလည်း မဖြေတော့ပါဘူး………လွမ်းနေတာကို ချစ်သူကဖြေပေးမှပဲ ပျောက်မှာမို့ လို့ပါ……ချစ်သူရယ်………..အမြန်လာပါတော့နော်……..စောင့်မျှော်နေရတဲ့ ဘဝမှာ မောင် ကျေနပ်ပျော်ရွင်နေမိပြီလား မသိတော့ဘူး ချစ်သူရယ်……..ချစ်သူက မောင့်အတွက် အလှမ်းဝေလွန်းတဲ့ ပန်းတစ်ပွင့်လား ……….မောင့် ကို ဖြေသိမ့် ပေးပါ……..မခံစားနိုင်တော့ဘူး…….ဒီဝေဒနာတွေကိုပေါ့………ချစ်သူရဲ့ နူတ်ခမ်းလေးတွေကို လွမ်းတတ်နေပြီ………. စကားသံတွေကို ချစ်သူပြန်သွားရင် ပြန်ကြားတတ်နေပြီ……ဒါပေမယ့်….လွမ်းတဲ့ ဝေဒနာတွေကိုတော့ မခံစားတတ်သေးဘူး… ဘာလုပ်ရမှာလဲ…….ချစ်သူပေးခဲ့တဲ့ အလွမ်းဇာတ်က ချစ်သူလာမှပဲ သိမ်းမှာပါ…….သြော်…..ကလေးရယ်…….ရင်ထဲမှာလည်း နွေရောက်နေပါပြီ……သင်္ကြန်တော့ မရောက်သေးဘူး……ချစ်သူနဲ့ ဝေးလို့ ပူလောင်နေမယ့် ရင်ခွင်ကို မေတ္တာရေစင်တစ်စက် လောက် သွန်းလောင်းရုံနဲ့တင် ပြေပျောက်မှာပါ…..ချစ်သူလာမယ်နေ့ကို ပိတောက်တစ်ခက်နဲ့ လှမ်းမကြိုနိုင်ပေမယ့်……. ဘဝတစ်သက်တာကို စတေးပုံအပ်ပြီး လှမ်းကြိုပါရစေ…….ချစ်သူ…….

Saturday 12 April 2008

ကောင်မလေးရေ...........

ကောင်မလေးရေ...........
ရင်နဲ့ရင်းပြီးချစ်ခဲ့တာ မှန်ရင်ရှေ့တိုးလာခဲ့ပါ.......အစိမ်းရောင်မျက်လုံးနဲ့ သားကောင်လိုတော့မကြည့်ပါနဲ့....ကမ္ဘာခြားသွားရင်တောင် ချစ်နေမယ့် အချစ်စစ်နဲ့ ချဉ်းကပ်လာသူမို့ မာယာမပါတဲ့ ကစားပွဲဆို လောင်းပါရစေ.......ဟန်ဆောင်ခြင်းတွေကိုတော့ ထားခဲ့ပေးပါ......နှလုံးသားကိုစတေးပြီး ချစ်ခြင်းကို ပေးဆပ်ပြချင်ပါတယ်.........ထောင်ချောက်ကို ဖန်တီးထားတယ်ဆိုရင်တောင်သက်ဆင်းဖို့ ဝန်မလေးဘူး..........ပိုက်ကွန်ထဲ ဝင်မိမှတော့ လွှတ်မြောက်ခွင့်လည်းမလိုချင်တော့ပါဘူး........ချစ်သူရေးတဲ့ ဇာတ်ကို ပြီးအောင် ကပါရစေ.........ဇာတ်သိမ်းခန်းက အိပ်မက်ဆိုရင် အမှန်ဧကန်မက်ခွင့်ပေးပါ..ချစ်ခြင်းကို ကစားခဲ့မိတယ်ဆိုရင် နှလုံးသားရေးရာရဲ့ ကံစီမံရာတရားရုံးမှာ စစ်မေးပါ........ချစ်သူရဲ့ အလိုကျ ရင်ဘတ်ကို သံကြိုးခတ်ပြီး နေမဝင်တဲ့ ချစ်အင်ပါယာကြီးမှာ ငါ့သွေးကိုဖောက်ထုတ်စီရင်ပါ.......ကမ္ဘာဦးက လူသားတစ်ယောက်မဟုတ်ပေမယ့် ကမ္ဘာဦးက အချစ်တွေနဲ့ ချစ်နေဆဲပါ ချစ်သူ.......သံစဉ်တွေကိုနားဆင်တဲ့အခါ ချစ်သူရဲ့ ရင်ခုန်သံက ကျွန်တော့်ရဲ့ နားနှစ်ဖက်ကို အားဆေးအဖြစ် သောက်သုံးပါ..........ဘာကိုမှ ရည်ရွယ်မထားပေမယ့်ရည်မှန်းချက်က ထာဝရလက်တွဲခွင့်ပေါ့...........အချစ်ဆိုတာ ဘာလဲလို့ မမေးပါနဲ့......အဖြေမရှိတဲ့ မေးခွန်းကို ဆက်မကချင်ဘူး......အချစ်ဆိုတာ အချစ်ပဲ......လူတွေက သတ်မှတ်ခြင်းပါ.......ဒါပေမယ့် အချစ်မှာ ချစ်သူနှစ်ဦးလုံးရဲ့ ရင်ခုန်သံတွေနဲ့ ပြုလုပ်ထားတဲ့သံယောဇဉ်တွေ ခိုင်မြဲတဲ့ နှောင်ကြိုးတွေ .......အို....အများကြီးပါ ဝင်နေလိမ့်မယ်........စာမေးပွဲ မဟုတ်တဲ့ ဖြေဆိုမူတစ်ခုမှာ ချစ်ခြင်းရဲ့ ပုစ္ဆာအတွက် အဖြေပေးခဲ့ပါတယ်.......အမှတ်ပြည့်ပေးမယ်ဆိုရင် ချစ်သူဝင်လာတဲ့နေ့မှာ ရင်ခွင်ကို ကြယ်အလင်းတွေနဲ့ တောက်ပအောင် ဖန်တီးထားပါ့မယ်........မျက်ရည်တွေနဲ့ ကြယ်တွေကို ဂုဏ်ပြုပါရစေ......ဆုတောင်းရင် ပြည့်တဲ့ဆိုတဲ့ အတွက်ပါ........ဆုတောင်းမိပါတယ်.....ချစ်သူ တီးခတ်မယ့် သံစဉ်တွေကိုထာဝရ နားဆင်ပါရစေ.............

တိုင်တည်ခြင်း.......

မိုးကောင်းကင်ကြီးရေ........
ကျွန်တော်ပိုင်ဆိုင်သော ကဗျာတွေက သူမနဲ့ မသက်ဆိုင်ပါဘူးလို့ လူတွေပြောခဲ့ရင် စီကာစဉ်ကာမဟုတ်ပဲကျလာတဲ့ မျက်ရည်တွေနဲ့ တိုးတိုးတိတ်လေးငိုကြွေးမိမှာပါပဲ........ကျွန်တော်နဲ့ သူမ ရင်ခြင်းအပ်တဲ့အခါ နူးညံ့သိမ်မွေ့မူတွေနဲ့ သူမကိုနွေးထွေးစေမယ်.......မြောက်ပြန်လေတွေ မတိုက်ခတ်ခင် သူမနဲ့ ပါးပြင်ခြင်း နီးကပ်ချင်တဲ့ အကြောင်း ကျွန်တော် စာလုံးပေါင်းပြမယ်....တိမ်တွေပြာတဲ့ နေ့ရောက်ရင် ကျွန်တော့်ရင်ခွင်မှာ သူမကိုထွေးပွေ့ဖက်ထားပြီး ချစ်ခြင်းသံစဉ်တွေကို ဆိုပြမယ်......သူမရဲ့ မနက်ခင်းတိုင်းကို ကျွန်တော့်ရဲ့ အနမ်းတွေနဲ့ နိုးထစေမယ်.......ချစ်သူရဲ့ ပျော်ရွင်မူတွေကို အသက်ထက်ဆုံး ဖန်တီးပေးမယ်ဆိုတာကို သူမရဲ့ နူတ်ခမ်းတွေကို တိုင်တည်ပါရစေ................။

စိတ်ညစ်ချိန် အလွမ်း...................

စိတ်ညစ်နေတဲ့ အခါ
ကျွန်တော့်မျက်နှာလေးကို
ပွတ်သပ်အားပေးမယ့်ချစ်သူရဲ့ ......
လက်ကလေးကို လွမ်းတယ်.......။
စိတ်ညစ်နေတဲ့ အခါ
တစ်ခါမှ မကိုင်ကြည့်ဖူးတဲ့ချစ်သူရဲ့ ........
ခြေသန်းလေးတွေကို လွမ်းတယ်......။
စိတ်ညစ်နေတဲ့ အခါ်
တစ်ခါမှ မနမ်းဖူးတဲ့ချစ်သူရဲ့ .......
ဆံပင်ရှည်တွေကို လွမ်းတယ်........။
စိတ်ညစ်နေတဲ့ အခါ
ချိုမြိန်သာယာတဲ့ သံစဉ်တွေကိ
တီးခတ်ပေးတတ်တဲ့ချစ်သူရဲ့.........
နူတ်ခမ်းလေးတစ်စုံကို လွမ်းတယ်.......။
စိတ်ညစ်နေတဲ့အခါ
တစ်ခါမှ မခိုလူံဖူးတဲ့ချစ်သူရဲ့........
ရင်ငွေ့နွေးနွေးလေးကို လွမ်းတယ်.......။
စိတ်ညစ်နေတဲ့ အခါချစ်သူရဲ့........
အစိတ်အပိုင်းအားလုံးကို လွမ်းတယ်.......။
မှတ်ချက်။ ။ဟိုနေရာ....ဒီနေရာမပါ.....၊လျှောက်မတွေးပါနှင့်.......၊ဟီ..ဟိ....။:P

လွမ်းချင်း..........

ကောင်မလေးရေ......
မင်းနဲ့.....
ပတ်သတ်ပြီးခံစားရအောင်.....
ဆုံတွေ့ရအောင်.....
လုပ်ပေးတဲ့လောကကြီးကို
ကျေးဇူးတင်မိပါတယ်......
လောကကြီးက
မဆုံပေးခဲ့ရင်
ကိုယ်တို့ရဲ့ ဆုံစည်းခြင်းက
ဝေးကွာနေဦးမှာပါ......
ဘာပဲဖြစ်ဖြစ်လေ......
လွမ်းနေရတာကိုပဲမြတ်နိုးနေပါရစေ.....
နေမ၀င် အချစ်တွေနဲ့

အတူလွမ်းနေဆဲပါ ချစ်သူ...........။

လွမ်းတယ်..........

သေချာပါတယ်........
ဒီရင်ဘတ်ကြီးထဲက
တစ်ယောက်ယောက်ကို
တမ်းတသတိရနေတယ်ဆိုတာ......
သံယောဇဉ်ဆိုတာကို
ထားမိပြန်တော့လည်း
လွမ်းရတာပါပဲလေ.........
ကောင်မလေးရေ.......
အလွမ်းတွေကို
စာဖွဲ့ပြရရင်
အပြင်မှာ ကျနေတဲ့
နှင်းခဲတွေ.......
အရည်ပျော်သွားလိမ့်မယ်........
ချစ်ခြင်းရဲ့ တေးသံကို
လူတွေ နားဆင်ကြတယ်.......
လူတွေ ဝေဖန်ကြတယ်.....
ချစ်သူ ပေးခဲ့တဲ့
သံစဉ်တွေကို နားဆင်ရင်း
လူတွေရဲ့ ဝေဖန်ခြင်းတွေကြားထဲမှာ
ချစ်သူကို တမ်းတမိတာလည်း
အကြိမ်ကြိမ်ပါပဲ..........
ချစ်သူရေ.........
ကမ္ဘာကြီး မီးပျက်သွားပါစေ......
မင်းကို ချစ်တဲ့
ချစ်ခြင်းအလင်းရောင်ကတော့
ထွန်းလင်းတောက်ပနေဆဲပါ...........။

ချစ်တဲ့ မ .......

'မ' ရယ်.......
ရင်ထဲက
သတိ၇တတ်ခြင်းတွေကို
ကြက်ခြေမခတ်လိုက်ပါနဲ့ နော်.........။
အချစ်ပြီးရင်
ဘာမှ.....မရှိတော့ဘူးလို
့ထင်ထားခဲ့ပေမယ့်
အလွမ်းတွေက
မျက်လုံးမှိတ်ပြတယ်..........။
' မ ' ရှိခဲ့တဲ့နေ့ ရက်တွေမှာ
အချစ်ရဲ့အရသာကချိုမြိန်ခဲ့ပေမယ့်.....
ခွဲနေရတဲ့အချိန်တွေမှာ
သံသယမျက်လုံးတွေနဲ
့' မောင့် ' ကို.....
အိပ်မက်တွေမပေးခဲ့ပါနဲ့ ' မ ' ရယ်..........။
' မ ' ရဲ့စိတ်နဲ့ 
အသက်ဆက်နေရတဲ့
လူတစ်ယောက်ကို
အချစ်ဆုံး ' မ ' ရဲ့
ရင်ခွင်ထဲကနေ
ဘယ်တော့မှ........
ဆွဲမထုတ်လိုက်ပါနဲ့ နော်............။
' မောင် ' နဲ့  ' မ ' ကို
စည်းတားပေးမယ့်
ကံတရားကို
အရမ်းကြောက်မိပါတယ်' မ ' ရယ်.............။
မဝေးချင်ဘူး...........အရမ်းချစ်တယ်.............။

ညီမလေးကို နားမလည်တော့ဘူး.......

တိမ်တွေပြို ငိုတော့မယ့်အချိန်မှာ
ကိုယ့်အမည်ကိုခေါ်သံကြောင့်
လောကြီးက ကိုယ့်မျက်လုံးထဲ
ရောက်လာခဲ့တယ်....
ဖုန်းသံလေးပေါ့..........
မင်းနဲ့ဆုံဖြစ်အောင် ဖန်တီးခဲ့တယ်လေ.........
အမှတ်တရပါပဲ.....
မင်းရဲ့ဆည်းလည်းသံချိုချိုလေးကို
မကြားရတဲ့နေ့တွေတိုင်းမှာ.
ကိုယ်ပာာ အသက်မရှိခဲ့သလိုပဲ..........
ကိုယ့်ရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်
ဝေးခဲ့ရပေမယ့်..........
မင်းကိုချစ်ခဲ့လားဆိုတာ
အခုထိမသေချာဘူး..........
ကောင်မလေးရယ်...........
"ညီမလေးကိုနားမလည်တော့ဘူး" ဆိုတဲ့
စကားတစ်ခွန်းကို
စိတ်နာခဲ့ပြီထင်ပါတယ်လေ........
ကိုယ့်ကိုယ်ကိုလည်း နားမလည်ခဲ့ဘူး.........
ခံစားချက်တွေရှင်သန်လည်း.......
အသက်မရှိတော့သလိုပါပဲလေ...........။
မှတ်ချက်။ ။ကဗျာဆရာ၏ ဖြစ်ပြီးခဲ့သော ဇာတ်လမ်းတစ်ပုဒ်ပါ........

ကြယ်နတ်သမီး.......သို့

ကြယ်တွေပျော်မြူး
ကြယ်စုဝေးတဲ့
ကြယ်ကောင်းကင်မှာ
ကြယ်အလင်းနဲ့
တောက်ပနေတဲ့
ကြယ်မင်းတို့ရဲ့
ကြယ်နတ်သမီးရေ............
ကြယ်တို့ကမ္ဘာ
ကြယ်နိဗ္ဗာန်မှာ
ကြယ်သီချင်းဆို
ကြယ်တို့စံရာသို့
ကြယ်ကိုစီးပြီး
ကြယ်ခရီးနှင်ပါ.............
ကြယ်ကြွေချိန်ရောက်
ကြယ်ပျောက်ညမှာ
ကြယ်ကြွေကောက်လို့
ကြယ်သံစဉ်ကိုနားဆင်ပါရစေ.........။
ကြယ်နတ်သမီးရဲ့
ကြယ်တမ်းချင်းကို
ကြယ်အညတရရဲ့
ကြယ်ကောင်းကင်မှာ
ကြယ်စင်တို့ရဲ့
ကြယ်အလင်းတွေနဲ့
သီဆို..........
စံပျော်စေပါ့မယ်.........။
နွေလေပြေ (KSTU)