............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Tuesday 22 April 2008

ချစ်သူသို့....(၄)

ပန်းတွေဝေနေတဲ့ ဆံကေသာလေးကို
ကျွန်တော်……
အလွမ်းတွေနဲ့ ကြွေနေမိပြန်ပါပြီ……။
နူတ်ခမ်းတွေက အလွမ်းမြေကို
ခြေချခွင့်ကို သူ………
အနမ်းတွေနဲ့ ဖြေသိမ့်ပေးနိုင်လား……..။
အနမ်းများနဲ့ လမ်းများထက်မှာ
ပန်းများစွာနဲ့ အလွမ်းများစွာကို
ဆန်းပြားတဲ့ ဒီရင်ဘတ်ကြီးက
ချစ်ခြင်းတွေနဲ့ …….
သက်သေတည်နေဦးမှာပါ……….ချစ်သူ။
ပန်းတွေနဲ့ အနမ်းတွေ
ပေးခဲ့တဲ့ အလွမ်းပုံရိပ်တွေကို
တစ်သက်မမေ့နိုင်အောင်
စွဲလမ်းတမ်းတမိနေတာမို့
အနမ်းတွေနဲ့ ဖြေဖျောက်ပေးလှည့်ပါတော့….ချစ်သူ။

No comments: