............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Saturday 12 April 2008

လွမ်းတယ်..........

သေချာပါတယ်........
ဒီရင်ဘတ်ကြီးထဲက
တစ်ယောက်ယောက်ကို
တမ်းတသတိရနေတယ်ဆိုတာ......
သံယောဇဉ်ဆိုတာကို
ထားမိပြန်တော့လည်း
လွမ်းရတာပါပဲလေ.........
ကောင်မလေးရေ.......
အလွမ်းတွေကို
စာဖွဲ့ပြရရင်
အပြင်မှာ ကျနေတဲ့
နှင်းခဲတွေ.......
အရည်ပျော်သွားလိမ့်မယ်........
ချစ်ခြင်းရဲ့ တေးသံကို
လူတွေ နားဆင်ကြတယ်.......
လူတွေ ဝေဖန်ကြတယ်.....
ချစ်သူ ပေးခဲ့တဲ့
သံစဉ်တွေကို နားဆင်ရင်း
လူတွေရဲ့ ဝေဖန်ခြင်းတွေကြားထဲမှာ
ချစ်သူကို တမ်းတမိတာလည်း
အကြိမ်ကြိမ်ပါပဲ..........
ချစ်သူရေ.........
ကမ္ဘာကြီး မီးပျက်သွားပါစေ......
မင်းကို ချစ်တဲ့
ချစ်ခြင်းအလင်းရောင်ကတော့
ထွန်းလင်းတောက်ပနေဆဲပါ...........။

No comments: