............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Wednesday 16 April 2008

အလင်းရောင်......

သူမအချစ်တွေ.....
ကျွန်တော့်အတွက် နည်းနေခဲ့ရင်တောင်
ကျွန်တော် သူမကို ချစ်နေမယ်...........။
သူမခံစားချက်တိုင်း ........
ကျွန်တော့်အတွက် မဟုတ်မှန်းသိနေခဲ့ရင်တောင်
ကျွန်တော် သူမကို ချစ်နေမယ်......။
သူမထားခဲ့တဲ့ အနာဂတ်ထဲမှာ
ကျွန်တော် မရှိနေခဲ့ရရင်တောင်
ကျွန်တော် သူမကို ချစ်နေမယ်......။
သူမရဲ့အသံ ၊ သူမရဲ့ တုံ့ပြန်မူတွေ
အသက်မပါတော့ရင်တောင်
ကျွန်တော် သူမကိုချစ်နေမယ်.......။
လောကကြီးကို အံ့တုပြီးရင်ဆိုင်ဖို့
သူမအတွက်ခွန်အားသစ်တွေ
အမြဲတမ်း လန်းဆန်းနေရမယ်.....။
ချစ်တယ်......ချစ်တယ်.....အရမ်းချစ်တယ်......
အချစ်မှာ ချစ်နေခြင်းကပဲ
အဓိကလို့ ခံယူထားတဲ့
ကျွန်တော့်ရဲ့ ရင်ခွင်တစ်စုံအတွက်
မျှော်လင့်ချက် အလင်းရောင်ဆိုတာ........ဘာလဲ..........။

No comments: