............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Friday 18 April 2008

သြော်....အချစ်....အချစ် (၁)

ကျွန်တော် သည် အချစ်နှင့် ပတ်သတ်သော လူသားတစ်ယောက် ဖြစ်သောကြောင့် အချစ်အကြောင်းများစွာကို ဖန်တီးရေးသားတင်ပြခြင်းသာ ဖြစ်ပါတယ်.........အချစ်ကိုတော့ သုသေသနလုပ်နေခြင်း မဟုတ်ပါ.........အချစ်နှင့် ပတ်သတ်ပြီး ကျွန်တော့်ကိုလည်း မည်သူမျှ သင်မပေးးဖူးပါ..........အချစ်ဆိုတဲ့ အရာကတော့ ကျွန်တော့်ကို သင်ခန်းစာ များစွာ သင်ပေးပါတယ်.........အချစ်က သင်ပေးတဲ့ အတွက်ကြောင့် ကျွန်တော်လည်း အချစ်ကို ယုံကြည်လာရပါတယ်..........အချစ်ကို မြတ်နိုးလာရပါတယ်.........တန်ဖိုးထားလာရပါတယ်......သို့သော် အချစ်ကို အရူးအမူးဖြစ်နေခြင်းတော့ မဟုတ်ပါ........အချစ်ကို ယုံကြည်ခွင့်.....မြတ်နိုးခွင့် .....တန်ဖိုးထားခွင့်တို့ကို အပြည့်အဝရယူနေခြင်းသာ ဖြစ်ပါတယ်.......ကျွန်တော်မှ မဟုတ်ပါ....လူတိုင်း အပြည့်အဝခံစားခွင့်ရှိပါတယ်.....


အချစ်၏ ဖမ်းစားမူကြောင့် လူတိုင်းချစ်တတ်လာကြပါတယ်........ချမ်းသာသူတို့လည်းချစ်ကြပါတယ်......ဆင်းရဲသူတို့လည်း ချစ်ကြပါတယ်...........လူဖြူတို့သည်လည်း ချစ်ကြ၏......လူမည်းတို့လည်း ချစ်ကြ၏..........အချစ်ကို တစ်လုံးမှ နားမလည်သော အဟိတ်တိရိစ္ဆာန်တို့ပင် ကိုယ်ပိုင်အချစ်တစ်ခုတော့ပိုင်ဆိုင်ကြပါတယ်.....ကိုယ်ပိုင်အချစ်တစ်ခုရဖို့ သွားဝယ်စရာလည်းမလို........ခိုးယူစရာလည်းမလို.....အခွန်လည်း မပေးဆောင်ရပါ......ခံစားတတ်တဲ့ နှလုံးသားတစ်စုံရှိလျှင် ရပါပြီ........အချစ်ကို နှလုံးသားရှိသော လူတိုင်းခံစားနိုင်.....ပိုင်ဆိုင်နိုင်ကြပါတယ်.....သို့သော်အချစ်သည် တန်ကြေးမရှိသော အရာမဟုတ်ပါ...........တန်ဖိုးမဖြတ်နိုင်သော အရာသာဖြစ်ပါသည်.........အချစ်ကြောင့် ကမ္ဘာကြီး စိုပြေလာရပါတယ်.......အချစ်ကြောင့် လူတွေရဲ့ လူပ်ရှားမူတွေ ပိုပြီး အသက်ရှင်လာရပါတယ်.......အားအင်တွေ တက်လာပါတယ်.......ရူးသွပ်မူတွေ ပေါ်ပေါက်လာရပါတယ်........ခံစားချက်တို့ ပြင်းထန်လာကြရပါတယ်.......အချစ်အတွက်ဘဝကို စတေးခဲ့ကြသည် ဇာတ်လမ်းများစွာသည်လည်း ကျွန်တော်တို့ ရင်းနှီးတွေ့ကြုံလာရပါတယ်.......


အချစ်သည် ဆုပ်လည်စူး....၊စားလည်းရူး စေသောအရာ မဟုတ်ပါ........
လူတစ်ယောက်ကို ဘယ်အခြေအနေနဲ့ ဘယ် အချိန်မှာချစ်လာနိုင်လည်းလို့သူငယ်ချင်းတစ်ယောက်ကကျွန်တော့်ကိုမေးဖူးပါတယ်.....အချစ်သည် လူတွေပြောနေကြသလို မျက်စိကစခြင်းမဟုတ်ပါ.........ရင်ခုန်သံက စခြင်းသာဖြစ်ပါသည်.......ရင်ခုန်ခြင်းမှာ ယောင်္ကျားလေးများနှင့် မိန်းကလေးတို့ ကွဲပြားကြပါတယ်.......များသောအားဖြင့် မိန်းကလေးတို့သည် ကိုယ်ရင်ခုန်သောသူကို ရုပ်ရည်ရူပကာကို မကြည့်ကြပေ....သူတို့ကို ရင်ခုန်သံစဉ်တွေ ပေးနိုင်သော သူကိုချစ်ကြပါတယ်......သို့သော် ယောင်္ကျားလေးအများစုမှာ သူတို့၏ ချစ်သူမိန်းကလေးသည် အလှဆုံးမဟုတ်ရင်တောင် ရွက်ကြမ်းရည်ကျိုလောက်ရှိမှသာရင်ခုန်ကြပါတယ်.........ထိုကဲ့သို့ ကွဲပြားမူများသည် မည်သူ့ကိုမှ အပြစ်ပြောလို့မရပေ......သဘာဝတရားက ဖန်ဆင်းထားသော ချစ်ခြင်း၏ ပြကွက်တစ်ခုပင် ဖြစ်ပါသည်........


ဆက်လက်တင်ပြပါဦးမည်..........နွေလေပြေ (KSTU)

No comments: