............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Sunday 13 April 2008

ပိုင်ဆိုင်လိုခြင်း

အိပ်မက်လမ်းတွေထဲမှာ
အထိတ်တလန့် နဲ့ 
အလွမ်းရထားကြီးကို
တစ်ယောက်တည်း
မျက်ရည်တို့ နဲ့ 
စီးနေရပြီ...
ကလေးရယ်..........။
လောကဓံဦးစီးတဲ့
ကံတရားလှေကြီးထဲမှာ
ဘယ်အချိန်ထိ
စီးမျောနေရဦးမှာလဲ.....?။
ဝေးနေရတဲ့
နေ့ ရက်တိုင်းက
တိမ်တိုက်လို
မပျောက်ကွယ်ခဲ့ ရင်တောင်
ချစ်ခဲ့ရတဲ့
အချိန်တိုင်းကတော့
ရင်ထဲမှာ
ဘယ်တော့မှ........
ပျောက်သွားမှာ
မဟုတ်တော့ဘူး
ကလေးရယ်.........။
အတိတ်ကို
အနာဂတ်နဲ့ 
အစားထိုးနိုင်ပေမယ့်
သတိရခြင်းတွေကိုတော့
မေ့ပျောက်ခြင်းနဲ့ 
အစားထိုးလို့ ရမှာ
မဟုတ်ဘူး.........။
ချစ်ခြင်းတွေနဲ့  (မင်းအတွက်)
ပြည့်နှက်နေတဲ့
ကိုယ့်ရဲ့ .....
လွမ်းတတ်ခြင်းတွေကို
ဘာနဲ့ မှ
အစားမထိုးလိုက်ပါနဲ့ 
ကလေးရယ်............။
ဆုတောင်းတိုင်း
ပြည့်ပေးခဲ့မယ်ဆိုရင်
မင်းနဲ့ ...
ပတ်သတ်ပြီးရတဲ့
ချစ်ခြင်း.....
လွမ်းခြင်း.....
သတိရခြင်း.....
အရာအားလုံးကို
ထာ၀၇.....
ဘ၀ဆက်တိုင်း
ပိုင်ဆိုင်ချင်မိတယ်
ကလေးရယ်............။

No comments: