............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Tuesday 22 April 2008

ချစ်သူသို့....(၃)

သြော်……အလွမ်း…..အလွမ်း……အလွမ်း
တမ်းတနေတဲ့ ရင်ခွင်တစ်စုံအတွက်
သင်္ကေတလား………..။
သြော်……ပန်း…..ပန်း…..ပန်း
နတ်သမီးတစ်ပါးရဲ့ ဆန်းပြားတဲ့
ကဗျာတစ်ပုဒ်လား……..။
သြော်……အနမ်း…..အနမ်း…..အနမ်း
တစ်သက်မမေ့နိုင်တဲ့ ချစ်သူရဲ့
အမှတ်တရလက်ဆောင်လား……..။
အနမ်းတွေကိုလည်း ပေးပါချစ်သူ……
အလွမ်းတွေကိုလည်း ပိုက်ထွေးမှာပါ…….
ပြန်ဆုံမယ့်နေ့မှာ အလွမ်းတံခွန်ကို
ပန်းတွေပြည့်နေတဲ့ လမ်းတစ်နေရာမှာ
စိုက်ထူပြီး……..
ဒို့နှစ်ယောက်ရဲ့ အနာဂတ်လမ်းဆုံးကို
အနမ်းတွေနဲ့ လျှောက်လှမ်းကြရအောင်…….ချစ်သူ။

No comments: