............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Friday 18 April 2008

ဘယ်တော့လဲ......

အလွမ်းတွေ ကျဲဖြန့်ထားတဲ့
အိပ်ရာထက်မှာ အိပ်မယ်လုပ်တုန်း
တမ်းတခြင်း အိပ်မက်ဆိုးတွေ
သူ လက်ဆောင်ပေးပြန်တော့
အဖော်မဲ့ ဘဝကြီးမှာ

ခံစားရတာ.......အလူးအလဲပေါ့...........။

အထီးကျန်လှတဲ့ ဘဝမှာ
အလွမ်းရဲ့ ထိုးနှက်မူကြောင့်လည်း
အကြိမ်ကြိမ်လဲပြိုခဲ့ရပါပြီ.........
အိပ်စက်ခြင်းတွေကို သူဖျက်ဆီးလို့
အိပ်ပျက်ညတွေကိုလည်း
သူဖန်တီးနေတုန်းပါပဲ..........။

နှလုံးသားကပေးတဲ့ အင်အားနဲ့
လည်ပတ်နေဆဲ ရင်ထဲကအချစ်တွေက........
လောကကြီးကို ဖျော်ဖြေနေတဲ့
မနက်ဖြန်တွေထဲက ဆုံနိုင်ခွင့်ကို
ခလုတ်တိုက်မိမယ့်
မနက်ဖြန်ကို မျှော်လင့်ရင်း
ငါ မင်းကို ရင်ခုန်နေဆဲပါ ချစ်သူ.........။

ရေမြေတွေ ခြားနေပေမယ့်
ဒို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းအတွက်
မှိန်ပျပျ မီးအိမ်ငယ်လေးတစ်ခု
လောကကြီးက .......
ထွန်းထားပေးဆဲပါ ချစ်သူ................။

No comments: