............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Friday 18 April 2008

သြော်....အချစ်....အချစ် (၂)

အချစ်တစ်ခု ဖြစ်ပေါ်လာဖို့လည်း အချိန်ကာလမလိုပါ......မျက်စိတစ်မှိတ် မြင်မြင်ချင်း ရင်ခုန်မူတွေ ပေးနိုင်ရင် အချစ်ဖြစ်လာနိုင်ပါသည်..........အဲ့ဒီနေရာမှာ ဓာတ်ပုံကို မြင်ဖူးရုံနဲ့ ချစ်လာနိုင်လားလို့ သူငယ်ချင်းကမေးပါတယ်......လူတစ်ယောက်ကိုရင်ခုန်ခြင်း ဖြစ်တာက အမျိုးမျိုးရှိပါတယ်.....သူ့ရဲ့ အပြောအဆိုမှာ ရင်ခုန်တာလား.....အပြုအမူမှာလား......အကြည့်တွေမှာလား......ရုပ်ရည်မှာလား...အရည်အချင်းမှာလား...........သူရဲ့ အနေအထိုင်ကြောင့်လား.........ဓာတ်ပုံကို ကြည့်ပြီး အလှအပ တစ်ခုတည်းနဲ့လည်းရင်ခုန်လောက်ပါတယ်........အဲ့ဒီမှာ အချစ်ဖြစ်လာတာပါပဲ........


လူတစ်ယောက်ကို ရင်မခုန်ပဲနဲ့ ချစ်လို့မရပါဘူး.......ဘယ်အခြေအနေမှာချစ်လာနိုင်လဲဆိုတော့ သူက ကိုယ့်အနာဂတ်ဖြစ်လာရရင် ချစ်လာနိုင်ပါတယ်.......သူက ကိုယ့်ကို ပျော်ရွင်မူတွေ ပေးလာရင်....၊ကိုယ်အတွက် အားအင်သစ်ပေးနိုင်ရင်......၊အချိန်တိုင်းမှာ မေ့ပျောက်လို့မရတဲ့ သတိရတမ်းတမူတွေ ဖြစ်လာရင်.....၊ကိုယ့်ရဲ့ ရပ်တည်မူက သူဖြစ်လာပြီဆိုရင်.........သူက ကိယ့်ရဲ့ အနာဂတ်ဖြစ်လာနိုင်ပါတယ်..........အချစ်သည် တားဆီးပိတ်ပင်လို့ မရပါ.......တားဆီးလို့ ရကောင်းတဲ့ အရာလည်း မဟုတ်ပါ......မချစ်ပါနဲ့ဟု ပြောလို့လည်းမရပေ..........ထိန်းချုပ်လို့လည်းမရပေ......အချစ်ကတော့ လူကို ထိန်းချုပ်လို့ရပါတယ်......ဥပမာဗျာ......ဆေးလိပ်သောက်တတ်တဲ့ လူတစ်ယောက်ကို သူ့ရဲ့ အချစ်ဆုံးလူက မသောက်ပါနဲ့လို့ ပြောလို့ ပြတ်သွားတာမျိုးပေါ့........အချစ်က ထိန်းချုပ်သွားတာပါ.........လူတိုင်း လူတိုင်းအတွက် ချစ်ခြင်းကို ဘုရားသခင်က ဖန်တီးပေးထားပြီးဖြစ်ပါတယ်........

ကျွန်တော် စာအုပ်တစ်အုပ် ဖတ်ဖူးပါတယ်.....အဲ့ဒီမှာ လူတိုင်းသည် မိမိ၏ ပျောက်ဆုံးနေသော အခြမ်းလေးကို ပြန်မတွေ့ သေးခြင်းသာ ဖြစ်ပါတယ်.....ထိုအခြမ်းလေးကို တွေ့သောနေ့သည် အချစ်ကို တွေ့ရှိသော နေ့ဖြစ်သည်..........တဲ့..........မိတ်ဆွေတို့ရော အဲ့ဒီအခြမ်းလေးကို တွေ့ပြီလား......အဲ့ဒီအခြမ်းလေးကလည်း မိတ်ဆွေကို ရှာနေမှာပါ.........မတွေ့သေးရင် ရှာကြပါ......တွေ့လာပါလိမ့်မည်.....တစ်နေ့နေ့ပေါ့........ဒါပေမယ့်......မှန်မှန်ကန်ကန်ရှာတတ်ဖို့တော့လိုပါတယ်..........ရှာတယ်ဆိုတဲ့ နေရာမှာ မိန်းကလေးတိုင်းကိုရည်းစားစကားလိုက်ပြောနေခြင်း.....ရည်းစားအများကြီးထားခြင်းကို ဆိုလိုသည်မဟုတ်ပါ...........စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ရှာခြင်းကို ဆိုလိုတာပါ.........လူတိုင်း လူတိုင်း ကိုယ်တစ်ကယ်ရင်ခုန်ပြီး တစ်ကယ်ချစ်ခင်မြတ်နိုးရတဲ့ ......မှန်ကန်တဲ့ ကိုယ်ပိုင်အခြမ်းလေးတစ်ခုကို မြန်မြန်ရှာတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.........

ဆက်လက်တင်ပြပါဦးမည်......နွေလေပြေ (KSTU)

No comments: