............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Sunday 13 April 2008

ချစ်သူသို့........(၂)

အို….အသင်လောက…….
ကျွန်တော့်ကို သတ်ပစ်လိုက်ပါ……..
ကျွန်တော် ရင်ဘတ်ထဲက သူမအားချစ်နေသော အချစ်များအားလုံးကို သူမဆီသို့ ပို့ပေးပါ……..သံသရာတစ်ကွေ့မှာ တွေ့ခဲ့ရပေမယ့် ဘဝဆက်တိုင်းလက်တွဲပါရစေ…….ကမ္ဘာကြီး အသစ်ပြန်ဖြစ်တဲ့အခါ နေမင်းထွက်လာရင် ကျွန်တော်ဖြစ်လာမယ်…..လစန္ဒာထွက်လာရင်သူမဖြစ်မယ်……သစ်ပင်တွေ ပေါက်လာရင် သူမနဲ့ ကျွန်တော် အချစ်တွေနဲ့ ရှင်သန်စေမယ်……သမုဒ္ဒရာ…ပင်လယ်တွေပေါပေါက်လာရင် သူမနဲ့ ကျွန်တော်လက်တွဲပြီး ကျော်ဖြတ်ကြမယ်……..နှင်းတွေကျလာလို့ အေးခဲလာရင် သူမနဲ့ ကျွန်တော်ဖက်ထားမယ်…..လောကကြီးကို နွေးထွေးစေမယ်………မိုးတွေရွာလာရင် မိုးစက်တို့ကြားမှာ သူမနဲ့ ကျွန်တော် ပျော်မြူးမယ်….လောကကြီးကို အချစ်မိုးစက်တွေ သွန်းဖြိုးပြီး စိမ်းလန်းစေမယ်…….နွေတိုင်းကို ဥသြငှက်တို့နဲ့အတူ သူမနဲ့ ကျွန်တော် အေးမြစေမယ်……ဖြစ်ပေါ်လာသမျှ အရာအားလုံး သူမနဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းအသီးအပွင့်တွေ ခံစားစေရမယ်…….ဘဝဆက်တိုင်း သူမနဲ့ ကျွန်တော် ကမ္ဘာကြီးမှာ မဆုံးသော ချစ်ခြင်းတွေ တည်ထောင်ကြမယ်……ချစ်သူတို့ရဲ့ ကကြိုး..၊ကကွက်တို့နဲ့ မမောနိုင်အောင် ကကြမယ်…….ကံကြမ္မာကို သူမနဲ့ကျွန်တော် ကြိုးကိုင်ကြမယ်……လောကကြီးမှာ မျက်ရည်နဲ့အလွမ်းတွေ မပေါ်ပေါက်နိုင်အောင်လို့ပါ……….သြော်…ချစ်သူ…ချစ်သူ….ဘယ်ဆီ ဘယ်ဝယ်ကိုမှာ မပျံသန်းပါနဲ့……နားခိုစရာအဖြစ် သဘာဝတရားက ကျွန်တော့်ကို ဖန်းဆင်းထားပါတယ်……လှမ်းလာခိုနားလှည့်ပါတော့……….

No comments: