............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Wednesday 16 April 2008

အိပ်မက်.....

နှင်းမြို့တော်ရဲ့ ဆောင်းတွင်းလေးမှာပေါ့
နှင်းတွေကလည်း မြိုင်မြိုင်ကျလို့
ကြည့်မျှော်တိုင်း ရှုငေးလို့မဆုံးခဲ့
လူတွေအားလုံး နွေးထွေးမှုကိုယ်စီနဲ့
ချစ်သူကလည်း ကျွန်တော်လက်ကိုတွဲလို့
နှင်းတွေကြားမှာ ပျော်လိုက်တာ မောင်ရယ်လို့
ချိုမြိန်နှုတ်ခမ်းလွှာ ဖွင့်ဟပြန်တော့
ရင်မှာပီတိ ခွမ်းစည်ထိခဲ့ပါကော
နှင်းမြို့တော်လေးရဲ့ အအေးဒဏ်ကို
အချစ်စွမ်းအား ခုခံပြန်ပေးနေသလို
မောင်သာအနားမှာ ရှိနေခဲ့ရင်
ကျွန်မအရာရာကို ကျော်လွှားမယ်လို့
ကျွန်တော်ရင်ခွင်မှာ မှေးစက်ရင်း
မျက်လွှာရယ်ချ သူပြောပြန်တော့
နတ်သိကြားများ ပန်းရထားနဲ့
နိဗ္ဗာန်ဆီတောင်ဆွဲခေါ်ရင် မလိုက်ချင်ပေါင်
အတန်တန်ငြင်းလိုက်မယ်
စက္ခုနှစ်လွှာ ဖွင့်ဟကြည့်တော့
သြော်...ကျွန်တော် ကျောင်းနောက်ကျပြန်ပါပြီ............

No comments: