............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Saturday 12 April 2008

ကောင်မလေးရေ...........

ကောင်မလေးရေ...........
ရင်နဲ့ရင်းပြီးချစ်ခဲ့တာ မှန်ရင်ရှေ့တိုးလာခဲ့ပါ.......အစိမ်းရောင်မျက်လုံးနဲ့ သားကောင်လိုတော့မကြည့်ပါနဲ့....ကမ္ဘာခြားသွားရင်တောင် ချစ်နေမယ့် အချစ်စစ်နဲ့ ချဉ်းကပ်လာသူမို့ မာယာမပါတဲ့ ကစားပွဲဆို လောင်းပါရစေ.......ဟန်ဆောင်ခြင်းတွေကိုတော့ ထားခဲ့ပေးပါ......နှလုံးသားကိုစတေးပြီး ချစ်ခြင်းကို ပေးဆပ်ပြချင်ပါတယ်.........ထောင်ချောက်ကို ဖန်တီးထားတယ်ဆိုရင်တောင်သက်ဆင်းဖို့ ဝန်မလေးဘူး..........ပိုက်ကွန်ထဲ ဝင်မိမှတော့ လွှတ်မြောက်ခွင့်လည်းမလိုချင်တော့ပါဘူး........ချစ်သူရေးတဲ့ ဇာတ်ကို ပြီးအောင် ကပါရစေ.........ဇာတ်သိမ်းခန်းက အိပ်မက်ဆိုရင် အမှန်ဧကန်မက်ခွင့်ပေးပါ..ချစ်ခြင်းကို ကစားခဲ့မိတယ်ဆိုရင် နှလုံးသားရေးရာရဲ့ ကံစီမံရာတရားရုံးမှာ စစ်မေးပါ........ချစ်သူရဲ့ အလိုကျ ရင်ဘတ်ကို သံကြိုးခတ်ပြီး နေမဝင်တဲ့ ချစ်အင်ပါယာကြီးမှာ ငါ့သွေးကိုဖောက်ထုတ်စီရင်ပါ.......ကမ္ဘာဦးက လူသားတစ်ယောက်မဟုတ်ပေမယ့် ကမ္ဘာဦးက အချစ်တွေနဲ့ ချစ်နေဆဲပါ ချစ်သူ.......သံစဉ်တွေကိုနားဆင်တဲ့အခါ ချစ်သူရဲ့ ရင်ခုန်သံက ကျွန်တော့်ရဲ့ နားနှစ်ဖက်ကို အားဆေးအဖြစ် သောက်သုံးပါ..........ဘာကိုမှ ရည်ရွယ်မထားပေမယ့်ရည်မှန်းချက်က ထာဝရလက်တွဲခွင့်ပေါ့...........အချစ်ဆိုတာ ဘာလဲလို့ မမေးပါနဲ့......အဖြေမရှိတဲ့ မေးခွန်းကို ဆက်မကချင်ဘူး......အချစ်ဆိုတာ အချစ်ပဲ......လူတွေက သတ်မှတ်ခြင်းပါ.......ဒါပေမယ့် အချစ်မှာ ချစ်သူနှစ်ဦးလုံးရဲ့ ရင်ခုန်သံတွေနဲ့ ပြုလုပ်ထားတဲ့သံယောဇဉ်တွေ ခိုင်မြဲတဲ့ နှောင်ကြိုးတွေ .......အို....အများကြီးပါ ဝင်နေလိမ့်မယ်........စာမေးပွဲ မဟုတ်တဲ့ ဖြေဆိုမူတစ်ခုမှာ ချစ်ခြင်းရဲ့ ပုစ္ဆာအတွက် အဖြေပေးခဲ့ပါတယ်.......အမှတ်ပြည့်ပေးမယ်ဆိုရင် ချစ်သူဝင်လာတဲ့နေ့မှာ ရင်ခွင်ကို ကြယ်အလင်းတွေနဲ့ တောက်ပအောင် ဖန်တီးထားပါ့မယ်........မျက်ရည်တွေနဲ့ ကြယ်တွေကို ဂုဏ်ပြုပါရစေ......ဆုတောင်းရင် ပြည့်တဲ့ဆိုတဲ့ အတွက်ပါ........ဆုတောင်းမိပါတယ်.....ချစ်သူ တီးခတ်မယ့် သံစဉ်တွေကိုထာဝရ နားဆင်ပါရစေ.............

No comments: