............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Monday 14 April 2008

ချစ်ခြင်းရဲ့နောက်ကွယ်မှာ

ကျွန်တော် ရေးထားတဲ့ အချစ်နှင့် ပတ်သတ်သော အကြောင်းအရာများဟာ တင်ပြချက်သက်သက်သာဖြစ်ပါတယ်......လောကကြီးမှာအမှန်နဲ့ အမှားပဲ ရှိလိမ့်မယ်လို့ လူကြီးမင်းတို့ သတ်မှတ်ထားလိမ့်မယ်လို့ ထင်ပါတယ်......ကျွန်တော်လည်း ထင်ခဲ့ပါတယ်..........ဒါပေမယ့် အဲ့ဒီ အမှန်နဲ့ အမှားကြားမှာ အရာတစ်ခုရှိသေးတယ်လို့ ကျွန်တော်တင်ပြပါရစေ.......ဥပမာဗျာ......သင်္ချာဂဏန်းတွေထဲမှာ၁ ရယ် ၂ ရယ်ရှိတယ်ဆိုပါစို့......အဲ့ဒီဂဏန်း ၂ လုံးကြားမှာ ၁.၀၁ တို့ ၁.၀၂ တို့ အများကြီးရှိပါတယ်.......အဲ့ဒီလိုပဲ အချစ်ကို အမှန်လို့ ထားပြီး အမုန်းကို အမှားလို့ထားကြည့်လိုက်ရင် အချစ်နဲ့ အမုန်းကြားထဲမှာ ရှိတဲ့ အရာတွေကို သိလိုက်မှာ မဟုတ်ပါဘူး..........လောကကြီးမှာ အဲ့ဒီ အချစ်နဲ့ အမုန်းကြားထဲမှာ ရှိတဲ့ အရာတွေကို မသိကြလို့ လူတွေ ....ချစ်သူတွေ ရန်သူတွေ ဖြစ်ကြရတာလို့ ကျွန်တော်ထင်ပါတယ်......လူတွေမှာ အချစ်ဆိုတဲ့ အမှန်တရားတစ်ခု ရှင်သန်နေရင်တော့ ပြသာနာ မရှိပါဘူး.....ဒါပေမယ့် အမှားဖြစ်တဲ့အမုန်းကတော့ မရှင်သန်သင့်ပါဘူး........ကျွန်တော်တင်ပြသောအကြောင်းအရာများဟာ အချစ်နဲ့ အချစ်နောက်ကွယ်က အမုန်းမရောက်
သော အကြောင်းများသာဖြစ်ပါတယ်.......တစ်ကယ်လို့ အချစ်မရှိတော့ရင်တောင် သံယောဇဉ် နဲ့ တစ်ချိန်က ပတ်သတ်မူဆိုတာ ကျန်နေဦးမှာပါ.....အဲ့ဒါဟာ အချစ်နဲ့ အမုန်းကြားထဲက အရာပါပဲလို့ကျွန်တော်ထင်တယ်.....အဲ့ဒီအရာလေးတွေကို ထိန်းထားနိုင်သရွေ့ နောင်တစ်ချိန်ပြန်တွေ့ရင်တောင် သောကတွေကင်းနေမှာပါ.....ကောင်မလေးတွေမှာ ကျွန်တော်မြင်နေရတဲ့ အချက်တေလးတွေရှိပါတယ်......သူတို့မနှစ်သက်တဲ့လူက ရည်းစားစကားလာပြောရင် ကြည့်မရဘူး.....ရုပ်ကိုက ဘာဖြစ်တယ်...ညာဖြစ်တယ်နဲ့ မညှာမတာပြန်ပြောလေ့ရှိကြပါတယ်......သူတို့ နှစ်သက်လူနဲ့ ကျရင်တော့ တစ်မျိုးပေါ့ဗျာ.......တစ်ကယ်တော့ လူတိုင်းဟာ လူပါပဲ......လူလူချင်းပဲ.....မကြိုက်ရင်မကြိုက်တဲ့ဟာကို သွယ်ဝိုက်ပြောလို့ရပါတယ်.......ရည်းစားစကားလာပြောတဲ့သူက ဘာကြီးဖြစ်နေနေပါ......သူလည်း သူချစ်ရတဲ့သူပိုင်ဆိုင်ချင်တာသဘာဝပါ......အဲ့ဒီမှာ အချစ်နဲ့ အမုန်းကြားထဲက အရာနဲ့ ရည်းစားစကားလာပြောတဲ့သူကို သူငယ်ချင်းဇာတ်သွင်းလိုက်ရင်ပြီးသွားပါပြီ.......ဘာမှဖြစ်လာမှာ မဟုတ်တော့ဘူးလေ......အဲ့လိုမှ မဟုတ်ရင်တော့ ဟိုဘက်က မညှာမတာပြောခံရတဲ့ ယောင်္ကျားလေးက မကျေနပ်ရင် အမုန်းဆိုတဲ့ ဒုက္ခဆိုးကြီးကို ထွေးပိုက်ရတော့မှာပါပဲ.......လောကကြီးမှာ ဘယ်တော့မှလည်း အဆိုးဖြစ်မနေပါဘူး.....အကောင်းဆုံးလည်းဖြစ်မနေပါဘူး......ကျွန်တော်တို့ဟာ အဆိုးနဲ့ အကောင်းကြားထဲမှာ ၇ှင်သန်နေတာပါ.......အဆိုးမဟုတ်ရင် အကောင်းလို့ လူကြီးမင်းတို့ပြောကြမှာပါ.......ဒါဆိုရင် နေ့စဉ်ဖြတ်သန်းနေရတဲ့ အလုပ်တွေဟာ အကောင်းဖြစ်နေမှာလား......အဆိုးဖြစ်နေမှာလား...စဉ်းစားကြည့်ပေါ့ဗျာ.....တစ်ကယ်တော့ အဆိုးနဲ့ အကောင်းကြားထဲမှာ လူတွေလည်ပတ်နေတယ်လို့ ကျွန်တော်ထင်တယ်လေ.............မဆိုးမကောင်းလေးတွေပေါ့ဗျာ.....အချစ်ဆိုတဲ့ အရာကိုလည်း ချစ်ခြင်းနဲ့ အမုန်းသို့ မရောက်ခင်အရာလေးတွေနဲ့ လူကြီးမင်းတို့ နေ့စဉ်ဖြတ်သန်းနေကြရင် ဘဝကြီးဟာ သာယာလာလိမ့်မယ်လို့ ကျွန်တော်တင်ပြပါရစေ.......လူတိုင်း...လူတိုင်း မုန်းခြင်းကင်းကြပါစေဗျာ.....ချစ်ခြင်းရဲ့ အသီးအပွင့်တွေ လူတိုင်းခံစားရပါစေဗျာ......

No comments: