............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Wednesday 16 April 2008

ရှင်သန်ခြင်း.......

ပန်းခင်းထားတဲ့ လမ်းမပေါ်မှာ
အလွမ်းလူသားအဖြစ်
ဘယ်အချိန်ထိလျှောက်လှမ်းရဦးမှာလဲ........ချစ်သူ...။
အလွမ်းတွေ စိုက်ထူတိုင်း
အနမ်းတွေ ကို မမေ့နိုင်တာ
ဘာကြောင့်လဲ..........။
အနမ်းတွေကို သတိရတိုင်း
အချမ်းမပြေနိုင်သေးတာ
အချစ်ကြောင့်လို့ ဆိုရမှာပေါ့........။
သြော်......အချစ်....အချစ်
ကမ္ဘာတည်သရွေ့ ရှိနေပေမယ့်
လေတိုက်တိုင်း ယိမ်းနွဲ့တတ်တာ
အချစ်လို့ အော်ဟစ်နေရပြီ.........။
ကောင်မလေးရေ.......
မင်းရဲ့ အောင်မြင်မူမှာ
၁ ကနေ ၁၀ အတွင်းရုန်းမထွက်နိုင်တဲ့
လူသားတစ်ယောက် ကျရူံးခဲ့ပါပြီ........။
ပန်းတွေပျက်စီးခဲ့ရင်တောင်
အလွမ်းတွေနဲ့....
အထီးကျန်လမ်းမပေါ်မှာ
တစ်ယောက်ထဲ ကခုန်နေဦးမှာပါ..........။
ကမ္ဘာခြားသွားရင်တောင်
အချစ်တွေကို မင်းအတွက်
ထားခဲ့ပါရစေ................ချစ်သူ........။

No comments: