............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Friday 30 May 2008

သိစေချင်သည်.......

သနပ်ခါးပါးကွက်
သူ့...... ပါးပြင်ကို
ကျွန်တော်မနမ်း
ဘယ်သူနမ်းအံ့.......။
ချိုသာစကား
နူတ်ဖျားထက်က
သူ့......အသံကို
ကျွန်တော်မလွမ်း
ဘယ်သူလွမ်းအံ့........။
အပြုံးတစ်ချက်
နှလုံးအက်အောင်
ပြုစားရက်တဲ့
သူ့......အလှမှာ
ကျွန်တော်မကြွေ
ဘယ်သူကြွေအံ့........။
အလွမ်း.......အဆွေး
အတွေးထဲမှာ
မဝေးအောင်လို့
ကျွန်တော့်အချစ်
သူ......ကြားသိဖို့
မိုးထက်ထိအောင်
ဟစ်ကြွေးဦးမည်........။
ချစ်တယ်.......ချစ်တယ်.......။

3 comments:

P K Sahm said...

အကြိုက်ဆုံးပဲဒီကဗျာလေးကို

Unknown said...

အရမ်းလှတဲ့ ကဗျာလေးတစ်ပုဒ်ပဲဗျာ..။ ။

အညာသား said...

သနပ်ခါးပါးကွက်
သူ့...... ပါးပြင်ကို
ကျွန်တော်မနမ်း
ဘယ်သူနမ်းအံ့.......။
သွားမကြမ်းနဲ့အုံးကိုယ့်လူ။ အမျိုးသမီးရေးရာ ရောက်သွားအုံးမယ်။ ဟဲဟဲ :P