............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Sunday 4 May 2008

လေလွင့်ခြင်း

ဆုံးဖြတ်ရခက်တဲ့ လောကကြီးမှာ ဖြေရှင်းချက်တွေပျောက်ဆုံးပြီး ချစ်သူထားခဲ့တဲ့ အိပ်မက်ထဲက လမ်းဆုံးဆိုတာကိုလည်းမတွေးရဲလောက်အောင်ပါပဲ..........
မဖြစ်နိုင်တာဘာမှ မရှိဘူးလို့ ကြွေးကြော်ခဲ့ပေမယ့် ချစ်ခြင်းကို သက်သေမပြနိုင်ခဲ့တာ ဘာကြောင့်လဲ.......
စိတ်ကူးယဉ်ဇာတ်လမ်းရှည်ကြီးထဲမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ရမယ်လို့ ဘယ်တော့မှ မထင်ထားခဲ့မိဘူး.......
မျက်ရည်တွေကလည်း အထီးကျန်ညတွေကို အားပေးနေပြန်ပါပြီ........
ကိုယ်ပိုင်သံစဉ်မဟုတ်တဲ့ သီချင်းတစ်ပုဒ်ကို ချစ်သူရှေ့မှာ ဆိုပြရမှာလား......
ကျွန်တော်ပိုင်တဲ့ သီချင်းက လွမ်းချင်း.........နားထောင်မယ့်သူက ချစ်သူမဟုတ်.......
ကျူးပစ်ကရော ဘယ်ဆီမှာလဲ.....မြားနတ်မောင်ကရောဘယ်နားမှာလဲ......ကျွန်တော်ကတော့ ကမ္ဘာတစ်ဖက်မှာ......
လေလွင့်ငှက်တစ်ကောင်ရဲ့ ဂျစ်ပစီမိုးတိမ်ဆိုတဲ့ လမ်းမရှိတဲ့
ကောင်းကင်မှာသူမနဲ့ ကျွန်တော့်ကို စည်းတစ်ခုခြားပေးထားလေရဲ့........
ဘယ်ဆီကို ပျံသန်းရမှာလဲ.......မျက်ရည်....မျက်ရည်......ကြွေကျခွင့်မရှိတဲ့ အရပ်မှာ မြေခ ခဲ့ရတာက ကျွန်တော့်ရဲ့ နှလုံးသားတစ်စုံဖြစ်ခဲ့ရပါပြီ......
အမုန်းနွံ့ထဲကျနေတဲ့ လူသားတစ်ယောက်အတွက် မျှော်လင့်ခြင်း အလင်းရောင်က သံယောဇဉ်လက်တစ်ဖက်........
ကယ်တင်သူမရှိတဲ့ အရပ်မှာ ပျောက်ဆုံးသွားရတာက ကျွန်တော်......
သေဆုံးခြင်းကို မြေမြုပ်ရတယ်တဲ့.....ဘဝတစ်ခုလုံးသေဆုံးခြင်းက ဘယ်မှာမြုပ်နှံရမှာလဲ......
ဘာဆိုဘာမှ မရှိတဲ့လောကကြီးမှာ တောင်းဆုတစ်ခုက သူမ.....
လောကဓံတရားရုံးမှာ ချစ်ခြင်းအတွက် အသွေးအသားတို့ကို ဖောက်ထုတ်စီရင်ခံခဲ့ရတာက ကျွန်တော်.....
ကျရူံးသွားပါပြီ.....ကျွန်တော်ရဲ့ ဒူးထောက်မူက အညံ့ခံမူတစ်ခုပေါ့........
သူမကရော အနိုင်ရခဲ့တာလား....အနိုင်ယူခဲ့တာလား.......
ဘာမှမသိတဲ့ ကျွန်တော်......သြော်....သြော်.....သစ်ရွက်တစ်ရွက်လို လေလွင့်နေရပြန်ပါပြီလေ............

1 comment:

david santos said...

I come to join forces with the village of Burma at this so tragic moment.
I ask God that everything passes as quickly as possible and the Bimãnia and his people survive a calm life and of peace.