............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Friday 30 May 2008

အမုန်း......

ကြေကွဲခဲ့ပါတယ်....
သူ မသိအောင်......။
ငိုကြွေးခဲ့ပါတယ်.....
သူ မရှိတဲ့ အရပ်မှာ......။
ကြွေကျခဲ့ပါတယ်.....
သူခွင့်မပြုတဲ့ နေရာမှာ......။
မြေခခဲ့ပါတယ်......
သူ့ရဲ့ ပြောင်းလဲခြင်းတွေအောက်မှာ.....။
ဒူးထောက်ခဲ့ပါတယ်.....
သူကျေနပ်တဲ့ အတိုင်းအတာတစ်ခုအထိ......။

ဘယ်သူမသိ
ဘယ်သူမရှိ
ဘယ်သူမမြင်
ကယ်သူရင်ကိုလည်း
မမျှော်မှန်းတော့ပါ......။
ဆိုင်သူမရှိ
ပိုင်သူမသိ
မိုင်သူရင်ထိ
နိုင်လိုသူတို့ရဲ့
အမုန်းထက်က
ဓါးသွားတစ်ချောင်း........
ငါ့...သွေးကို
ဖောက်ထုတ်သွားခဲ့ပါပေါ့...........။
အဆုံးသတ်......
အဆုံးသတ်.....
အပြုံးတစ်ချက်မှ
မပေးခဲ့တဲ့
နင် က......
အမုန်းကိုတော့
ထာဝရ ပန်ဆင်ပေးခဲ့ပြန်ပြီလား......ချစ်သူ။

No comments: