............. ချစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပူဆွေးခြင်း..၊လွမ်းဆွေးခြင်း..၊သတိရတမ်းတခြင်း...တို့အား နွေဦးတွင် တိုက်ခတ်သော လေပြေကဲ့သို့ ပြေပျောက်ပါစေလို့ နွေလေပြေမှ ဆုတောင်းပေးလိုက်ပါတယ်.......... ...........

Friday 30 May 2008

အမုန်း......

ကြေကွဲခဲ့ပါတယ်....
သူ မသိအောင်......။
ငိုကြွေးခဲ့ပါတယ်.....
သူ မရှိတဲ့ အရပ်မှာ......။
ကြွေကျခဲ့ပါတယ်.....
သူခွင့်မပြုတဲ့ နေရာမှာ......။
မြေခခဲ့ပါတယ်......
သူ့ရဲ့ ပြောင်းလဲခြင်းတွေအောက်မှာ.....။
ဒူးထောက်ခဲ့ပါတယ်.....
သူကျေနပ်တဲ့ အတိုင်းအတာတစ်ခုအထိ......။

ဘယ်သူမသိ
ဘယ်သူမရှိ
ဘယ်သူမမြင်
ကယ်သူရင်ကိုလည်း
မမျှော်မှန်းတော့ပါ......။
ဆိုင်သူမရှိ
ပိုင်သူမသိ
မိုင်သူရင်ထိ
နိုင်လိုသူတို့ရဲ့
အမုန်းထက်က
ဓါးသွားတစ်ချောင်း........
ငါ့...သွေးကို
ဖောက်ထုတ်သွားခဲ့ပါပေါ့...........။
အဆုံးသတ်......
အဆုံးသတ်.....
အပြုံးတစ်ချက်မှ
မပေးခဲ့တဲ့
နင် က......
အမုန်းကိုတော့
ထာဝရ ပန်ဆင်ပေးခဲ့ပြန်ပြီလား......ချစ်သူ။

သိစေချင်သည်.......

သနပ်ခါးပါးကွက်
သူ့...... ပါးပြင်ကို
ကျွန်တော်မနမ်း
ဘယ်သူနမ်းအံ့.......။
ချိုသာစကား
နူတ်ဖျားထက်က
သူ့......အသံကို
ကျွန်တော်မလွမ်း
ဘယ်သူလွမ်းအံ့........။
အပြုံးတစ်ချက်
နှလုံးအက်အောင်
ပြုစားရက်တဲ့
သူ့......အလှမှာ
ကျွန်တော်မကြွေ
ဘယ်သူကြွေအံ့........။
အလွမ်း.......အဆွေး
အတွေးထဲမှာ
မဝေးအောင်လို့
ကျွန်တော့်အချစ်
သူ......ကြားသိဖို့
မိုးထက်ထိအောင်
ဟစ်ကြွေးဦးမည်........။
ချစ်တယ်.......ချစ်တယ်.......။

Friday 9 May 2008

ယောင်္ကျားများ၏ အချစ်ဇယား........

ဒီတစ်ယောက်က အချစ်ဦင်္းမို့
တစ်သက်မမေ့နိုင် ဖြစ်ရပါသည်......

ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်.........

ဟောဒီတစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်........

ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့
သူ့နူတ်ခမ်းလေးကို စွဲလမ်းသည်........

အဲ့ဒီတစ်ယောက်က တိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်.........

စေ့စပ်ထားတဲ့ ကောင်မလေးက
အိနြေ္ဒရှင်လေးမို့ လက်မလွှတ်နိုင်အောင် ဖြစ်ပါသည်.......

အထက်ပါ ခြောက်ယောက် ရက်တွေပြည့်လို့
တနင်္ဂနွေ ပိုသေးသည်.......

စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေအားသူဖြစ်ရပါမည်.................။



ဒီကဗျာလေးက ကျွန်တော်ဆီကို ရန်ကုန်က သူငယ်ချင်းတစ်ယောက်ပို့လိုက်တာဗျ.......ရယ်ရပါတယ်.....ကျွန်တော်မိတ်ဆွေတွေကိုလည်း ပြုံးစေချင်ပါတယ်.....အဲ့ဒါကြောင့် ဖော်ပြလိုက်ရပါတယ်......ဒါပေမယ့်.....ကျွန်တော်မပါဘူးနော်.....အဲ့ဒီထဲမှာ...
ဟဲ...ဟဲ.....ရာဟုတစ်ရက်ပါ လိုသေးတယ်.....ကျွန်တော်က...... :D :P :)

Sunday 4 May 2008

လေလွင့်ခြင်း

ဆုံးဖြတ်ရခက်တဲ့ လောကကြီးမှာ ဖြေရှင်းချက်တွေပျောက်ဆုံးပြီး ချစ်သူထားခဲ့တဲ့ အိပ်မက်ထဲက လမ်းဆုံးဆိုတာကိုလည်းမတွေးရဲလောက်အောင်ပါပဲ..........
မဖြစ်နိုင်တာဘာမှ မရှိဘူးလို့ ကြွေးကြော်ခဲ့ပေမယ့် ချစ်ခြင်းကို သက်သေမပြနိုင်ခဲ့တာ ဘာကြောင့်လဲ.......
စိတ်ကူးယဉ်ဇာတ်လမ်းရှည်ကြီးထဲမှာ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ရမယ်လို့ ဘယ်တော့မှ မထင်ထားခဲ့မိဘူး.......
မျက်ရည်တွေကလည်း အထီးကျန်ညတွေကို အားပေးနေပြန်ပါပြီ........
ကိုယ်ပိုင်သံစဉ်မဟုတ်တဲ့ သီချင်းတစ်ပုဒ်ကို ချစ်သူရှေ့မှာ ဆိုပြရမှာလား......
ကျွန်တော်ပိုင်တဲ့ သီချင်းက လွမ်းချင်း.........နားထောင်မယ့်သူက ချစ်သူမဟုတ်.......
ကျူးပစ်ကရော ဘယ်ဆီမှာလဲ.....မြားနတ်မောင်ကရောဘယ်နားမှာလဲ......ကျွန်တော်ကတော့ ကမ္ဘာတစ်ဖက်မှာ......
လေလွင့်ငှက်တစ်ကောင်ရဲ့ ဂျစ်ပစီမိုးတိမ်ဆိုတဲ့ လမ်းမရှိတဲ့
ကောင်းကင်မှာသူမနဲ့ ကျွန်တော့်ကို စည်းတစ်ခုခြားပေးထားလေရဲ့........
ဘယ်ဆီကို ပျံသန်းရမှာလဲ.......မျက်ရည်....မျက်ရည်......ကြွေကျခွင့်မရှိတဲ့ အရပ်မှာ မြေခ ခဲ့ရတာက ကျွန်တော့်ရဲ့ နှလုံးသားတစ်စုံဖြစ်ခဲ့ရပါပြီ......
အမုန်းနွံ့ထဲကျနေတဲ့ လူသားတစ်ယောက်အတွက် မျှော်လင့်ခြင်း အလင်းရောင်က သံယောဇဉ်လက်တစ်ဖက်........
ကယ်တင်သူမရှိတဲ့ အရပ်မှာ ပျောက်ဆုံးသွားရတာက ကျွန်တော်......
သေဆုံးခြင်းကို မြေမြုပ်ရတယ်တဲ့.....ဘဝတစ်ခုလုံးသေဆုံးခြင်းက ဘယ်မှာမြုပ်နှံရမှာလဲ......
ဘာဆိုဘာမှ မရှိတဲ့လောကကြီးမှာ တောင်းဆုတစ်ခုက သူမ.....
လောကဓံတရားရုံးမှာ ချစ်ခြင်းအတွက် အသွေးအသားတို့ကို ဖောက်ထုတ်စီရင်ခံခဲ့ရတာက ကျွန်တော်.....
ကျရူံးသွားပါပြီ.....ကျွန်တော်ရဲ့ ဒူးထောက်မူက အညံ့ခံမူတစ်ခုပေါ့........
သူမကရော အနိုင်ရခဲ့တာလား....အနိုင်ယူခဲ့တာလား.......
ဘာမှမသိတဲ့ ကျွန်တော်......သြော်....သြော်.....သစ်ရွက်တစ်ရွက်လို လေလွင့်နေရပြန်ပါပြီလေ............